ထီစာအုပ် တစ်အုပ်ကို ကျပ်နှစ်ထောင်နှုန်းနဲ့ ရောင်းချသွားမည်
နိုင်ငံသားလက်မှတ် ကိုင်ဆောင်သူဖြစ်ပါက ထီစာအုပ်တစ်အုပ်ကို ကျပ်နှစ်ထောင်နှုန်းနဲ့ ရောင်းချပေးသွား မှာ ဖြစ်ကြောင်း ဘဏ္ဍာရေး ၀န်ကြီး ဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ အောင်ဘာလေ သိန်းဆုဌာနခွဲကနေ သိရသည်။
အဲ့ဒီလိုရောင်းချရာမှာလည်း နိုင်ငံသားလက်မှတ် ကိုင်ဆောင်သူတစ်ဦးကို အနည်းဆုံး ထီစာအုပ် တစ်အုပ်ကနေ အများဆုံးအုပ်ရေ (၁၀၀)အထိ တစ်အုပ်ကို ကျပ်နှစ်ထောင်နှုန်းနဲ့ ရောင်းချပေးသွားမှာ ဖြစ်သည်။ အောင်ဘာလေသိန်းဆုဌာနခွဲဟာ (၃၁၁)ကြိမ်မြောက် အောင်ဘာလေသိန်းဆုဖွင့်ပွဲ အတွက် အက္ခရာလုံးရေ (၄၀)၊ (က)မှ (ကဆ)အထိ ရိုက်နှိပ်ထုတ်ဝေ ရောင်းချသွားမှာ ဖြစ်သည်။ အဲ့ဒီလို ရောင်းချ ရာမှာလည်း အောင်ဘာလေသိန်းဆုဌာနခွဲမှ နယ်အရောင်းစနစ်၊ ဗဟိုအရောင်းစနစ်နဲ့ ရောင်းချမှာဖြစ်ပြီး ကျန်ရှိတဲ့ (ကဂ)ထိ ထီအုပ်ရေ (ကိုးထောင့်ရှစ်ရာကျော်)နဲ့ (ကဃ မှ ကဆ)အထိ ထီအုပ်ရေ (သုံးသိန်း နှစ်သောင်းခုနစ်ထောင်ကျော်) စုစုပေါင်း ထီအုပ်ရေ (သုံးသိန်းသုံးသောင်း ခုနစ်ထောင်ကျော်)အုပ်ကို အောင်ဘာလေသိန်းဆု ဌာနခွဲမှာ နိုဝင် ဘာ(၃)ရက်မှ (၂၁)ရက်နေ့အထိ ရုံးဖွင့်ရက်တွေမှာ ကျပ်နှစ်ထောင် နှုန်းနဲ့ ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိ အချိန်မှာ ဈေးကွက်အတွင်း ထီတစ်စောင်ကို နှစ်ရာကျပ်၊ ထီတစ်အုပ်ကို (၆၇၀၀)ကျပ်နဲ့ အရောင်းကိုယ်စားလှယ်တွေက ရောင်းချလျက် ရှိတယ်လို့ သိရကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment