Monday, November 3, 2014

တောင်ကိုရီးယား သမ္မတ မြန်မာနိုင်ငံသို့ လာမည်

တောင်ကိုရီးယားသမ္မတ ပတ်ဂွမ်ဟေးသည် မြန်မာနိုင်ငံတွင် ကျင်းပမည့် ဒေသတွင်း ထိပ်သီး အစည်းအဝေး တက်ရောက်နိုင်ရန် မြန်မာနိုင်ငံသို့ သွားရောက် မည်ဟု ၄င်း၏ နိုင်ငံခြားရေးအဆင့်မြင့် အရာရှိ တစ်ဦးက ပြောကြား ခဲ့ကြောင်း Koreaherald သတင်းဌာနက ဖော်ပြထားသည်။

ပတ်ဂွမ်ဟေးသည် တရုတ်နိုင်ငံ ပေကျင်းမြို့သို့ ဦးစွာသွားရောက်မည်ဖြစ်ကာ ထိုမှတစ်ဆင့် မြန်မာနိုင်ငံ နေပြည်တော်သို့ လာရောက်မည်ဖြစ် သည်။ နှစ်ရက် ကြာမြင့်မည့် မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ပတ်ဂွမ်ဟေးသည် အာဆီယံအဖွဲ့က ဦးဆောင်ကျင်းပမည့် ဒေသတွင်း ထိပ်သီးအစည်းအဝေးများသို့ တက်ရောက် မည်ဖြစ်ကာ မြန်မာနိုင်ငံမှတစ်ဆင့် စက်မှုထိပ်သီးနိုင်ငံ (၂၀) အစည်းအဝေးသို့ တက်ရောက် ရန် သြစတြေးလျနိုင်ငံသို့ ဆက်လက် ထွက်ခွာမည်ဖြစ်သည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွင် အမေရိကန် သမ္မတ အိုဘားမား အပါ အ၀င် ကမ္ဘာ့ထိပ်တန်းခေါင်းဆောင်များ တက်ရောက်မည်ဖြစ်၍ အဆိုပါ အစည်းအဝေးတွင် ပတ်ဂွမ်ဟေး သည် မြောက်ကိုရီးယား နျူးကလီးယား ပြဿနာ အပါအ၀င် ဒေသတွင်းအတွက် အရေးကြီးသော ပြဿနာ များကို ဖြေရှင်းရေးအတွက် ဦးစားပေးဆွေးနွေးမှုများ ပြုလုပ်သွားမည်ဖြစ်သည့်အပြင် မြန်မာနိုင်ငံနှင့် အပြန် အလှန် ပူးပေါင်းဆောင် ရွက်မှုများ၊ အကျိုးတူပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေးကိုလည်း ဆွေးနွေးမှု နှင့် သဘောတူညီမှုများ ပြုလုပ်သွားရန် စီစဉ်ထားသည်ဟု သိရသည်။

No comments:

Post a Comment

back to top