အာဆီယံ ထိပ်သီးအစည်းအဝေးတွင် အာဆီယံ စီးပွားရေး ထူးချွန်ဆုပေးပွဲကိုပါ ကျင်းပမည်
(၂၀၁၄)ခုနှစ်၊ နိုဝင်ဘာ(၁၁)ရက်ကနေ (၁၃)ရက်အထိ နေပြည်တော်၊ မြန်မာကွန်ဗင်းရှင်းစင်တာ(၂)မှာ ကျင်းပမယ့် (၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အာဆီယံ စီးပွားရေး ထူးချွန်ဆုပေးပွဲ ကိုပါ ကျင်းပသွားမှာ ဖြစ်ကြောင်း ကုန်သည်စက်မှုအသင်းချုပ် (UMFCCI)မှ သိရသည်။
(၂၀၁၄)ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်နဲ့ အာဆီယံ အသိုက်အ၀န်း ထူထောင်ရေး တာဝန်ယူစဉ် ကာလအတွင်း အာဆီယံ စီးပွားရေးအကြံပေး ကောင်စီ ASEAN Business Advisory Council (ASEAN-BAC) ဥက္ကဋ္ဌ ၀ာာဝန်ကို UMFCCI ဥက္ကဋ္ဌက တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ASEAN-BAC က နှစ်စဉ်ကျင်းပနေတဲ့ အာဆီယံ စီးပွားရေး ထူးချွန်ဆု ASEAN Business Award (ABA) ဆုပေးပွဲကို (၂၅)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေး (25th ASEAN Summit)နဲ့ တစ်ပြိုင်တည်း ယှဉ်တွဲကျင်းပသွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ အဲဒီအခမ်းအနားကို အာဆီယံ ခေါင်းဆောင်တွေ၊ စီးပွားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးတွေ၊ ဒေသတွင်းနဲ့ နိုင်ငံတကာ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေက လုပ်ငန်းရှင်တွေ၊ ကိုယ်စားလှယ်တွေ၊ ပညာရှင်တွေ၊ အစိုးရအရာရှိတွေ တက်ရောက်ကြမှာ ဖြစ်တယ်လို့ သိရပါတယ်။ အစည်းအဝေးမှာ အာဆီယံဒေသတွင်း ဖွံ့ဖြိုးတိုးတက်ရေး အလားအလာနဲ့ သက်ဆိုင်တဲ့ အရေးကြီးအချက်အလက်တွေ၊ အာဆီယံရဲ့ ရည်မှန်းချက်တွေဖြစ်တဲ့ ဘက်စုံပါဝင်တဲ့ ဆက်နွှယ်မှု မြှင့်တင်ခြင်းတွေ၊ စီးပွားရေးနဲ့ လူမှုရေး အပြောင်းအလဲတွေကို အထောက်အကူပြု တိုးတက်စေမယ့် အာဆီယံ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ လူငယ်စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းတွေနဲ့ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍတို့ကို မြှင့်တင်ခြင်းဆိုင်ရာ အရေးကြီး အချက်အလက်တွေကို ဆွေးနွေးသွားမှာ ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment