Monday, December 1, 2014

၁၆ ပွဲဆက်တိုက် ရီးရဲလ်အနိုင်စံချိန်တင်

မာလာဂါကို ၂-၁ ဂိုး ဖြင့် နိုင်ခဲ့သည့် ရီးရဲလ်သည် လာလီဂါတွင် ပြိုင်ဘက်အသင်းများကို ငါးမှတ်ဖြတ်ထားပြီး ပြိုင်ပွဲအရပ်ရပ်၌ ၁၆ ပွဲဆက်တိုက် အနိုင်ရသည့် အသင်းအဖြစ် စံချိန်သစ် တင်နိုင်ခဲ့သည်။
ဘန်ဇီးမားက ယခုနှစ်ရာသီ ၁၃ ဂိုးမြောက်ဂိုးကို ရော်နယ်ဒို၏ ဖြတ်တင်ဘောမှ တစ်ဆင့် ပွဲကစားချိန် ၁၈ မိနစ်တွင် သွင်းယူခဲ့သည်။ ယင်းပွဲတွင် မာလာဂါဂိုးသမား ကာမန်နီ လက်စွမ်းပြခဲ့ပြီး ရော်နယ်ဒိုမှာ ယခုနှစ် ဘောလုံးရာသီအတွင်း လာလီဂါ၌ ပထမဆုံးဂိုးမသွင်းနိုင်သောပွဲနှင့် ကြုံခဲ့ရသည်။ ဂါရတ်ဘေးလ်က ရီးရဲလ်အတွက် ဒုတိယဂိုးကို ပွဲကစားချိန် ၈၃ မိနစ်တွင် သွင်းယူခဲ့သည်။ မာလာဂါအသင်းအတွက် တစ်လုံးတည်းသော ချေပဂိုးကို ဆန်တာခရုဇ်က နာကျင် အချိန်ပိုတွင် သွင်းယူခဲ့ပြီးနောက် တစ်ဂိုးသွင်းယူရန် အချိန် မကျန်တော့ပေ။ ယခုလို စံချိန်တင်နိုင်မှုအတွက် မိမိမှာ ချီးကျူးဂုဏ်ပြု ခံရမည် ဖြစ်သော်လည်း အမှန်တကယ်တွင် အလွန်ခြေစွမ်းကောင်းသော ဘောလုံးသမားများရှိသည့် အသင်းတစ်သင်းကို နည်းပြခွင့် ရခြင်းမှာ ကံကောင်းသည်ဟု ရီးရဲလ်နည်းပြ အန်ဆယ်လော့တီက ပြောသည်။

No comments:

Post a Comment

back to top