Monday, November 3, 2014

ပါတီတွင်း စည်းလုံးညီညွတ်ရေးနှင့် ၂၀၁၅ ခုနှစ် ပါတီအောင်နိုင်ရေး တွေ့ဆုံဆွေးနွေး
*****************************************************************
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်နှင့် အတူ ဗဟိုအလုပ်အမှုဆောင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) နယ်မြေတာဝန်ခံ ဦးစိုးနိုင်၊ ရှမ်းပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ရှမ်းပြည်နယ် ၀န်ကြီးချုပ် ဦစ၀်အောင်မြတ်၊ ပြည်နယ် ပါတီကော်မတီဝင် အခါတိုင်းရင်းသားရေးရာဝန်ကြီး ဦးပီတာသောင်းစိန် တို့သည် အောက်တိုဘာလ ၂၃ ရက် မွန်းလွဲပိုင်းက ကျိုင်းတုံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမ၌ ပြည်နယ် အတွင်းရေးမှူး ဦးသန်းထွန်းလေးနှင့် ကော်မတီဝင်များ၊ ခရိုင်အတွင်းရေးမှူး ဦးစိုင်းဟွမ်နွဲ့နှင့် ကော်မတီဝင်များ၊ မြို့နယ်အတွင်းရေးမှူး ဦးအောင်သန်းနှင့် ကော်မတီဝင်များ၊ မြို့ပေါ်ရပ်/ ကျေး စည်းမှူးများအား တွေ့ဆုံကာ ပါတီဝင်အင်အား တိုးပွားရေး၊ ပါတီတွင်း စည်းလုံးညီညွတ်ရေးနှင့် ၂၀၁၅ ခုနှစ် ပါတီအောင်နိုင်ရေးကိစ္စရပ်များအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top