Monday, November 3, 2014

ကျောက်မဲပြည်ခိုင်ဖြိုးပါတီ စာရေးခုံများလိုအပ်လျှက်ရှိသော ကျောင်းများသို့ စာသင်ခုံများ ပေးအပ်လှူဒါန်း
*****************************************************************************ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် အောက်တိုဘာ ၃၁ ရက် နံနက် ၉ နာရီအချိန်က ကျောက်မဲမြို့နယ်အတွင်းရှိ စာသင်ကျောင်းများအား စာရေးစားပွဲခုံမျာ ပေးအပ်လှူဒါန်းပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
 
စာသင်ခုံများ ပေးအပ်လှူဒါန်းစဉ်


အခမ်းအနားသို့ မြို့နယ်အထောက်အကူပြု ဥက္ကဋ္ဌ ဦးတင်ဝင်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးစိုင်းနော်ခမ်းဦး၊ ခရိုင်အတွင်းရေးမှူး ဦးဝင်းမြင့်နှင့် ကော်မတီဝင်များ မြို့နယ်အတွင်းရေးမှူး ဦးအောင်သိန်းနှင့် မြို့နယ်ကော်မတီဝင်များ ရပ်ကွက်စည်းရုံးရေးမှူးများ မြို့နယ် ပညာရေးမှူး ဒေါ်ချိုစီနှင့် ကျောင်းအသီးသီးမှ ကျောင်းအုပ်ဆရာ/မများ၊ ဆရာ/မများ တက်ရောက်ခဲ့ကြ သည်။
အခမ်းအနားအစီအစဉ်အရ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ဦးစိုင်းနော်ခမ်းဦးမှ စာရေးခုံများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး စာသင်ခုံ လိုအပ်လျှက်ရှိသောကျောင်းများသို့ ကျောင်းတစ်ကျောင်းလျှင် စာသင်ခုံ ၁၅ လုံးစီ ကျောင်းပေါင်း (၁၀) ကျောင်းအတွက် စာသင်ခုံ စုစုပေါင်း ၁၅၀ ကို သက်ဆိုင်ရာ ကျောင်းအသီးသီးမှ ကျောင်းအုပ်များထံသို့ လွှဲပြောင်းပေးအပ်လှူဒါန်းခဲ့ပြီး မြို့နယ် ပညာရေးမှူး ဒေါ်ချိုစီမှ စာသင်ကျောင်းများအတွက် လိုအပ်နေသော စာရေခုံများကို လှူဒါန်းပေးသည့် ပြည်ခိုင်ဖြိုးပါတီအား ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။
မင်္ဂလာထွန်း (ကျောက်မဲ)

No comments:

Post a Comment

back to top