Monday, November 3, 2014

နိုင်ငံတကာစိန်ခေါ်ပွဲ ခြောက်ပွဲနိုင် တစ်ပွဲရှုံးဖြင့် မြန်မာ့လက်ဝှေ့အစွမ်းပြ
မြန်မာ့ရိုးရာနိုင်ငံတကာ လက်ဝှေ့စိန်ခေါ်ပွဲတွင် ပွဲစဉ် ခုနစ်ပွဲ ယှဉ်ပြိုင်ခဲ့ပြီး မြန်မာ့လက်ဝှေ့ သမားများက တစ်ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ကျန် ခြောက်ပွဲတွင် အနိုင်ရရှိခဲ့ သည်။ နိုင်ငံတကာ မြန်မာ့ရိုးရာ လက်ဝှေ့စိန်ခေါ်ပွဲတွင် ပထမဆုံး ပွဲစဉ်အဖြစ် မိုးဟိန်းနှင့် ဖိလစ်ပိုင် နိုင်ငံသား ဂျိုနယ်တို့ ယှဉ်ပြိုင်ခဲ့ပြီး မိုးဟိန်းက ဒုတိယအချီ ၁၁ စက္ကန့် တွင် အလဲထိုးဖြင့် လည်းကောင်း၊ ရဲမြတ်အောင်နှင့် ဖိလစ်ပိုင်နိုင်ငံသား ဘီယွန်ဒီတို့ ပွဲစဉ်တွင် ရဲမြတ်အောင်က ဒုတိယအချီ ၂၄စက္ကန့်တွင် လည်းကောင်း၊ စောအယ်လေးနှင့် မွန်ဂိုလီးယားနိုင်ငံသား ဘတ်ဘာယာတို့ ပွဲစဉ်တွင် အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ပြီး ဘတ်ဘာယာ၏ လက်သီးထိုးချက် များကြောင့် စောအယ်လေးမှာ အထိနာခဲ့ပြီး ပွဲစဉ် အားလုံးတွင် အဆိုပါတစ်ပွဲတည်း ရှုံးနိမ့်ခဲ့သည်။

ထို့နောက်တွင် ကျားပေါက် နှင့် မွန်ဂိုလီးယားနိုင်ငံသား ဂန်တိုတော့ခ်တို့ပွဲစဉ်တွင် ကျားပေါက်၏ လျင်မြန်သည့် ထိုးကွက် များကို ခံနိုင်ရန် မရှိသောကြောင့် ပထမအချီအတွင်း အနားတောင်း ခဲ့ရပြီး ဆက်လက် ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့်အတွက် ကျားပေါက်မှာ ပထမအချီမှာပင် အလဲထိုးဖြင့် အနိုင်ရရှိခဲ့သည်။
တူးတူးနှင့် ဘရာဇီးနိုင်ငံသား မားသီးယက်စ်ရော်ဘင်တို့ ပွဲစဉ်တွင် တူးတူး၏ ထိုးချက်ကြောင့် ဒုတိယအချီ ၂၈ စက္ကန့် တွင် မားသီးယက်စ် အရှုံးပေးခဲ့သည်။ နောက်ဆုံး ပွဲစဉ်ဖြစ်သည့် ထွန်းထွန်းမင်းနှင့် ကနေဒါနိုင်ငံသား မက်သရူးတို့ ပွဲစဉ်မှာ ထွန်းထွန်းမင်း ၏ တရစပ်ထိုးချက် များကြောင့် အမှတ်စဉ် ရေတွက်ခံခဲ့ရပြီး အနားတောင်းခဲ့ရ သော်လည်း သုံးချီမြောက်တွင် ဆက်လက် ယှဉ်ပြိုင်နိုင်ခြင်း မရှိသည့်အတွက် ထွန်းထွန်းမင်းမှာ နိုင်ပွဲဆက်လက် ရရှိခဲ့ပြီး ၎င်း ကစားသမား သက်တမ်းတစ်လျှောက် ၁၀ ပွဲသာ သရေကျခဲ့ပြီး တစ်ပွဲမျှ ရှုံးနိမ့်ထားခြင်းမရှိပဲ ၃၇ ပွဲ အနိုင်ရရှိထားသည်။

No comments:

Post a Comment

back to top