Wednesday, November 19, 2014

မြောက်ကိုရီးယား ထိပ်တန်းသံတမန် ပူတင်နှင့် ဆွေးနွေးရန် မော်စကို ရောက်ရှိ

လူသားချင်းစာနာမှုကို ဆန့်ကျင်သည့် ပြစ်မှုများကို စုံးစမ်းစစ်ဆေးရန် တောင်းဆိုသော ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်တစ်ခုကို တာဆီးရေးအတွက် မဟာမိတ်များ ရရှိရန် ပြုံယမ်းက ကြိုးပမ်းနေစဉ် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်၏ အထူးသံတမန် တစ်ဦးသည် သမ္မတဗလာဒီမာပူတင်နှင့် ဆွေးနွေးရန် မော်စကိုသို့ ရောက်ရှိနေပြီဖြစ်သည်။

စစ်တပ်တွင် ဒု-မာရှယ်အဆင့်နှင့် မြောက်ကိုရီးယားစစ်တပ်၏သြဇာကြီးသော နိုင်ငံရေးဗျူရို၏ ညွှန်ကြားရေးမှူး ဟောင်းလည်းဖြစ်သူ ချိုရီယောင်ဟေးသည် နိုဝင်ဘာ ၁၈ ရက်တွင်ပူတင်နှင့် တွေ့ရန် စီစဉ်ထားပြီး နိုဝင်ဘာ ၂၀ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီး ဆာဂေးလက်ဗ်ရော့နှင့် တွေ့ဆုံမည်ဖြစ်သည်။
မြောက်ကိုရီးယား တစ်ဝန်းကြီးမား ကျယ်ပြန့်စွာ တည်ရှိနေသော အကျဉ်းစခန်းများတွင် ဖြစ်ပွားသော ရာဇဝတ်မှုများကို စုံစမ်းစစ်ဆေးရန် တောင်းဆိုသော ကုလ၏ဆုံးဖြတ်ချက်ကို မဲပေးအတည်မပြုမီ ချိုရီ ယောင်ဟေး၏ ခရီးစဉ်ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်။
ယင်းကဲ့သို့ကိစ္စမျိုးတွင် ရုရှားနှင့်တရုတ်ကဗီတိုဖြင့် ပယ်ချမည်ဟု မျှော်လင့်ရသော်လည်း မြောက်ကိုရီးယား အား နိုင်ငံတကာ ရာဇဝတ်တရားရုံးသို့ လွှဲရန် ကုလဆုံးဖြတ်ချက်က လုံခြုံရေးကောင်စီကို တောင်းဆိုခဲ့ သည်။
ယူကရိန်းအရှေ့ပိုင်းရှိ ခွဲထွက်ရေးဝါဒီများကို ထောက်ခံမှုကြောင့် ရုရှားမှာ သံတမန်ရေး ဖိအားပေး ခံရမှုမြင့်မားနေချိန် ချို၏ခရီးစဉ် ပေါ်လာခဲ့ခြင်း ဖြစ်သည်။ရုရှားသည် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး မြင့်တင်ရန် ကြိုးပမ်းနေပြီး မြောက်ကိုရီးယား၏ ရထားလမ်းကွန်ရက်ကို အလုံးစုံ ပြုပြင်ပြောင်းလဲ ရေးအတွက် ဒေါ်လာ ၂၅ ဘီလျံတန်စီမံကိန်းတစ်ခုကိုဆောင်ရွက်ရန် ကြိုးပမ်းနေပြီး အပြန်အလှန်အားဖြင့် မြောက်ကိုရီးယား ထံမှ သတ္တုတူးဖော်ထုတ်လုပ်ခွင့် ရရှိမည်ဖြစ်သည်။
ချို၏မော်စကိုခရီးစဉ်မှာ ရှစ်ရက်ကြာမြင့်မည်ဖြစ်ပြီး ယခုနှစ်အတွင်း မြောက်ကိုရီးယား အကြီးတန်း အရာရှိကြီး တစ်ဦး၏ တတိယမြောက် ခရီးစဉ်လည်း ဖြစ်သည်။
ဆိုဗီယက်ခေတ်ကတည်းက ရင်းနှီးစွာဆက်ဆံလာခဲ့သော မြောက်ကိုရီးယား၏ အကြွေးများကို ရုရှားက လျှော်ပစ်ခဲ့သည်။



No comments:

Post a Comment

back to top