Wednesday, November 19, 2014

ဆွစ်ဇာလန်-အီတလီ နယ်စပ်၊ မိုးသည်းထန်စွာ ရွာသွန်းပြီး မြေပြို မှုဖြစ်ပွား

ဆွစ်ဇာလန်နိုင်ငံနှင့် အီတလီနိုင်ငံနယ်စပ်၊ မိုးသည်းထန်စွာရွာသွန်းပြီး မြေပြိုမှုဖြစ်ပွားခြင်းကြောင့် လူ(၄)ဦး ထက်မနည်း သေဆုံးခဲ့ရသည်ဟု သိရှိရပါသည်။
မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် ဆွစ်ဇာလန်တောင်ပိုင်း Ticino(တီစီနို) ဒေသမှာ မြေပြိုမှု ဖြစ်ပေါ်ခဲ့ပြီး လူနေအဆောက်အဦး တစ်ခုပျက်စီးခဲ့သည်။ ဒီဖြစ်ရပ် အတွင်း လူ(၂)ဦး ထက်မနည်း သေဆုံးကာ၊ (၄)ဦး ဒဏ်ရာရခဲ့ပါတယ်။ အီတလီနိုင်ငံ၊ Lake Maggiore (လိပ်ခ်မက် ဂီယို)ကမ်းခြေမှာတော့ မြေပြိုမှုကြောင့် နေအိမ်တစ်လုံး ပျက်စီးခဲ့ပြီး၊ မိသားစုဝင် (၂)ဦး သေဆုံးကာ၊ (၃)ဦး အသက်ဘေးမှ လွတ်မြောက်ခဲ့သည်ဟု သိရှိရပါသည်။ အီတလီ မြောက်ပိုင်းနဲ့ ဆွစ်ဇာလန် တောင်ပိုင်းတို့မှာ မကြာသေးမီ သီတင်းပတ်တွေကစလို့ ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှု များကြောင့် ယခုကဲ့သို့ မြေပြိုမှုတွေ ဖြစ်ပွားခဲ့တာ ဖြစ်ကြောင်း ရိုက်တာသတင်း အရ သိရပါသည်။


No comments:

Post a Comment

back to top