ထိုင်းနိုင်ငံတွင်
Bell 212 စစ်ရဟတ်ယာဉ်ပျက်ကျ တပ်ဖွဲ့ဝင် ၉ ဦး သေဆုံး
ထိုင်းနိုင်ငံ၊ မြောက်ပိုင်း ဖာယောက်ပြည်နယ် မူအန်ခရိုင်တွင်
နိုဝင်ဘာ၁၇ရက်ညနေက Bell 212 စစ်ရဟတ်ယာဉ် တစ်စင်းပျက်ကျခဲ့ရာ ထိပ်တန်းအရာရှိများ
အပါအ၀င် ယာဉ်ပေါ်လိုက်ပါလာသူ တပ်ဖွဲ့ဝင် ကိုးဦးစလုံး သေဆုံး ခဲ့သည်။
ရဟတ်ယာဉ်ပေါ် လိုက်သူများထဲတွင် အမှတ်၃ စစ်ဒေသ ဒု-တပ်မှူး
ဗိုလ်ချုပ် ဆောင်ဖိုလ်သောင်ဂျီးန်လည်း ပါဝင်သည်။ရဟတ်ယာဉ်သည်
ဖာယောက်ပြည်နယ်ရှိ ခွန်ချူယန်သမ်မစ်ကာရတ်စခန်းမှချင်းရိုင်ရှိစစ်စခန်းသို့
သွားရာက်ရန် ပျံတက်ပြီး ၁၀ မိနစ်ခန့် အကြာတွင် ပျက်ကျခဲ့ခြင်းဖြစ်ကြောင်း
ထိုင်းဘုရင့်တပ်မတော် ဒုပြောရေး ဆိုခွင့်ရှိ အမျိုးသမီး ဗိုလ်မှူးကြီး ဆီရီဂျန်ငါသောင်က
ဘန်ကောက်မြို့တွင်ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြား ခဲ့သည်။
ပျံတက်ရာ စခန်းမှအနည်းငယ်ကွာဝေးသော သာဝန်သောင် ကျေးရွာအနီး
ရာဘာစိုက်ခင်းတွင် မီးလောင် နေသော အဆိုပါ ရဟတ်ယဉ်ကို
ရွာသားများကတွေ့ရှိခဲ့ခြင်းဖြစ်သည်။ဒေသဆိုင်တော်ချိန် ညနေ၅နာရီ မိနစ်၃၀ အချိန်တွင် ပျက်ကျခဲ့ခြင်းဖြစ်သည်။
သေဆုံးသွားသူကိုဦးမှာ ဗိုလ်ချုပ်ဆောင်ဖိုလ်၊ ဗိုလ်မှူးကြီး
ကစ်တီဆူဝမ်ချာရီအွန်၊ ဗိုလ်မှူးကြီး ယွတ်တာ ဖောင်ဖွန်ဖန်း၊ ဒုတိယ ဗိုလ်မှူးကြီး
ဝတ်တီဆက်ဆွန်း သောန်ဆွတ်၊ စက်ပြင် (SM 1) အာနန်ချွမ်ချန်ခမ်၊ ဒုတိယ ဗိုလ်မှူးကြီး
မာနစ်ဆူရာဆယ်နာ(လေယာဉ်မှူး)၊ ဗိုလ်ကြီး ၀ိုရာဖောင်ချန်ဆာလက် (တွဲဖက် လေယာဉ်မှူး)၊
SM 1 ဆွမ်ဖော့ (အင်ဂျင်နီယာ) နှင့် SM 1 အေဖီရွန် (အင်ဂျင်နီယာ)တို့ဖြစ်သည်။
အဆိုပါ ဖြစ်ရပ်ဖြစ်ပွားပြီး မကြာမီ ဖာယောက် စစ်တပ်ခရိုင်နှင့်
အမှတ် ၁၇ ခြေလျင် တပ်ရင်းမှ စစ်သားများကို ဖြစ်ရပ် ဖြစ်ပွားသည့် နေရာသို့ စေလွှတ်ခဲ့ပြီး
ပိုက်စိတ်တိုက် ရှာဖွေခဲ့ရာ သေဆုံးသူ ရုပ်အလောင်း ၆ လောင်းကို ကနဦး ရှာဖွေ တွေ့
ရှိခဲ့ပြီး ကျန်အလောင်း များကို ဆက်လက်ရှာဖွေလျက် ရှိသည်။
No comments:
Post a Comment