Monday, November 3, 2014

ချောင်းဦးမြို့နယ် ပြည်သူ့လတ်တော်ကိုယ်စားလှယ် ကင်မွန်းတော်ကျေးရွာ ပြည်သူများ လိုအပ်ချက် ဖြည့်ဆည်းဆောင်ရွက်
*************************************************************************
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစောလှထွန်းသည် နိုဝင်ဘာ (၁) ရက် ညနေ ၄ နာရီအချိန်တွင် ကင်မွန်းတော်ကျေးရွာ မှ ပြည်သူလူထုနှင့် လင်းရောင်ခြည် စာကြည့်တိုက်တွင် တွေ့ဆုံခဲ့ရာ၊ ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးသောင်းထွန်းနှင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဖိုးအေး တို့က ကျေးရွာ၏ လိုအပ်ချက်များကို တင်ပြခဲ့ကြသည်။
ချောင်းဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ်

တွေ့ဆုံပွဲသို့ မြို့မိမြို့ဖအဖွဲ့ဝင် ဦးစန်းဝေ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးထွန်းကြည်နှင့် ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး ကျေးရွာမီးလင်းရေးကော်မတီ ဥက္ကဋ္ဌ က ကျေးရွာတွင်း လျှပ်စစ်မီးလိုင်းဆွဲရန် ငွေကျပ် သိန်း ၁၅၀ ခန့် လိုအပ်နေမှုကို စစ်ကိုင်းတိုင်းဒေသကြီး အစိုးရ ဇေယျာပဒေသာ ဖေါင်ဒေးရှင်းထံမှ ချေးငွေရရှိရေး၊ အာမခံဆောင်ရွက်ပေးရန်၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာကြီးက ကျောင်းတွင် ကျောင်းသားဦးရေနှင့် ဆရာ/ဆရာမ မမျှတမှုကို ဖြည့် ဆည်းပေးရန်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဖိုးအေးက တောထွက်လမ်းခင်းရန် လွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေ ကျပ်သိန်း ၁၀၀၀ မှ ထပ်မံခွဲဝေချထားပေးရန်တို့ကို တင်ပြကြသည်။
ကျေးရွာ၏ တင်ပြချက်များကို လွှတ်တော်ကိုယ်စားလှယ်က ဖြည့်ဆည်းဆောင်ရွက်ပေးရန်စီစဉ်ခဲ့ပြီး လျှပ်စစ်မီးလင်းရေး၊ ကြိုတင်စိုက်ထုတ် ဆောင်ရွက်ထားရန် လည်းကောင်း၊ ကျောင်း၏လိုအပ်ချက် များကို ဖြည့်ဆည်းပေးရန်နှင့် တောထွက်လမ်းအတွက် ရန်ပုံငွေ ဖြည့်စွက်ခွဲဝေပေးရေးတို့ကို ဆောင်ရွက်ပေးခဲ့ပြီး “ မိမိငယ်စဉ်ဘ၀ကတည်းက ကျေးဇူးရှိခဲ့သော ကျေးရွာဖြစ်သည်နှင့်အညီ ကျေးရွာ၏ လိုအပ် ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းဖြင့် ကျေးဇူးဆပ်လိုပါကြောင်း မိမိတို့ ကျေးရွာသားတစ်ဦး အဖြစ်သဘောထားပြီး ပြောဆိုဆုံးမ ဆက်ဆံပေးရန်စေလိုပါကြောင်း၊ မိမိ၏ ဆောင်ရွက်ပေးချက်များသည် တင်ရှိနေသော ကျေးဇူး တရားနှင့် နှိုင်းယှဉ်ပါက မပြောပလောက်ပါကြောင်း“ ပြောကြားခဲ့ပြီး ချောင်းဦး-အမြင့်လမ်း ကတ္တရာ ၄ မိုင်ခင်းရန် ကျောက်များချထားမှုကို စစ်ဆေးကြည့်ရှုခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top