ပြည်ခိုင်ဖြိုးပါတီ ဗဟိုအလုပ်အမှုဆောင် ဦးမောင်ဦး အခြေခံပညာ အထက်တန်းကျောင်းဆောင်သစ် တည်ဆောက်မှု ကြည့်ရှုစစ်ဆေး
**************************************************************************
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ဦးသည် နိုဝင်ဘာလ ၁ ရက်နေ့ နံနက် ၁၁ နာရီက တပ်ကုန်းမြို့နယ် မကျီးပင် ကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)တွင် အသစ်တိုးချဲ့ တည်ဆောက်နေသည့် အဆောက် အအုံ အလျားပေ ၁၂၀×အနံပေ ၃၀ ကျောင်းဆောင်သစ် တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးသည်။
အဆိုပါကျောင်းဆောင်သစ် တည်ဆောက်သည့်နေရာသို့ တပ်ကုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦမောင်ဦး၊ နေပြည်တော် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးရဲညွန့်၊ တပ်ကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မကျီးပင်ကျေးရွာ စည်းရုံးရေးမှူးနှင့် ကော်မတီဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အထောက်အကူပြုကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ကျောင်း အုပ်ဆရာကြီးနှင့် ဆရာဆရာမများ စုစုပေါင်းအင်အား ၅၀ ခန့် တက်ရောက် ကြသည်။
ဆက်လက်၍ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဗဟိုအလုပ်အမှုဆောင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ဦးက ကျောင်းဆောင်သစ် တည်ဆောက်ရာတွင် သတ်မှတ်စံချိန်စံညွှန်းနှင့် အညီ အရည်အသွေးပြည့်မီစွာ တည်ဆောက်သွားရန်နှင့် ဒေသခံပြည်သူများက တတ်နိုင်သရွေ့ ကူညီစောင့်ရှောက် သွားကြရန် လမ်းညွှန်မှာကြားပြီး ကျေးရွာစည်းရုံးရေးဆိုင်ရာများနှင့် လွှတ်တော်ဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေး လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
No comments:
Post a Comment