တာချီလိတ်မြို့တွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
**********************************************************
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ် လွှတ်တော်ကိုယ်စား လှယ် ဒေါ်တင်မေထွန်း၊ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးထွန်ထွန်းဝင်း၊ မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးစိုင်းကျော်ဇံ၊ တာချီလိတ်မြို့ ရပ်မိ/ရပ်ဖဦးမောင်လေး (အဆွေတော်မိသားစု)၊ ဦးစိုင်းလုံမား တို့မှဦးဆောင်ပြီး ပြည်ခိုင်ဖြိုးပါတီ မြို့နယ်အတွင်းရေးမှူး ဦးစိုင်းရွှေထွန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ စည်းရုံးရေးမှူးများ၊ လူငယ်အင်အား(၃၀)ဦး၊ လူမှုကူညီရေး အသင်း (ရွှေတာချီခရီးသွား လုပ်ငန်း) ကော်မတီဝင် ဦးကျော်မြင့်၊ ဦးသောင်းထိန်စိုး၊ ဦးကျော်သန်းတို့ ဦးဆောင်သည့် အင်အား(၂၀)ဦး၊ မေတ္တာရှင် (သာရေး/နာရေး) ကူညီမှုအသင်းဥက္ကဋ္ဌ ဦးဘိုစံ ဦးဆောင်သည့် အင်အား (၁၀)ဦး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဇင်ဝင်း ဦးဆောင်သည့် မီးသတ် (၁၅)ဦး၊ ခရိုင်ကြက်ခြေနီဦးစီးမှူး ဦးဘမိုးမြင့် ဦးဆောင်သည့် ကြက်ခြေနီ(၁၅)ဦး၊ ပုန်းထွန်၊ တာလော့၊ ၀မ်ကောင်း၊ မကာဟိုခမ်း၊ ဆန်ဆိုင်း(က)၊ ဆန်ဆိုင်း(ခ)၊ မယ်ခေါင်၊ ရန်အောင်မြေရပ်ကွက် မှ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ပုန်းထွန်ဆန်ဆိုင်းရပ်ကွက် မီးသတ်၊ ပြည်သူ့စစ် အင်အား (၂၀) ဦး မြို့နယ် စည်ပင် အလုပ်သမား အင်အား (၁၀)ဦး၊ စုစုပေါင်း ခန့်မှန်အင်းအား ( ၁၂၀ ) ကျော်တို့သည် ဆန်ဆိုင်း (က) ရပ်ကွက်ရှိ နဂါးနှစ်ကောင် ဆရာတော်ကြီး ဘုန်းကြီးကျောင်းနှင့် ဆန်ဆိုင်း(အထက)တို့တွင် နိုဝင်ဘာ (၁) ရက် နံနက် (၀၆း၃၀) မှ နံနက် (၀၈း၃၀)အထိ အမှိုက်များ၊ ခြုံနွယ်ပေါင်းပင်များ ရှင်းလင်းခြင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
တာချီလိတ်မြို့တွင် အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ကြစဉ်
No comments:
Post a Comment