ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပထမနှစ်ဒီပလိုမာ သင်တန်းသားများ ခေါ်ယူမည်
ရန်ကုန်နိုင်ငံခြား
ဘာသာတက္ကသိုလ်တွင် ၂၀၁၄-၂၀၁၅ ခုနှစ် ပညာသင်နှစ်အတွက် ဒီပလိုမာအ ချိန်ပြည့် ၁
နှစ် သင်တန်း (အင်္ဂလိပ်ဘာသာ)၊ အချိန်ပိုင်း ၂ နှစ် သင်တန်း (အထွေထွေဘာသာဗေဒ) နှင့်
အချိန်ပိုင်း ၄ နှစ် သင်တန်း (တရုတ် ဘာသာ၊ ပြင်သစ်ဘာသာ၊ ဂျာမန်ဘာသာ၊ ဂျပန်ဘာသာ၊
ကိုးရီးယားဘာသာ၊ ရုရှား ဘာသာ၊ ထိုင်းဘာသာ) သင်တန်းများကို ဖွင့်လှစ်မည်
ဖြစ်သည့်အတွက် ပထမနှစ် ဒီပလိုမာ သင်တန်းများ ကိုခေါ်ယူလျက် ရှိကြောင်း သိရသည်။
သင်တန်းတွင်
အင်္ဂလိပ်ဘာသာ (အချိန်ပြည့်) သင်တန်းကို နံနက် ၉ နာရီမှ ညနေ ၃ နာရီ ၂၀
မိနစ်အထိ၊ အချိန်ပိုင်း သင်တန်းများကို နံ နက် ၇ နာရီမှ ၈ နာရီ ၅၀ မိနစ်အထိ
သင်ကြားမည်ဖြစ်ပြီး သင်တန်းများကို တစ်ပတ် လျှင် ၅ ရက် (တနင်္လာနေ့မှ သောကြာနေ့အထိ)
သင်ကြားမည် ဖြစ်ကြောင်း သိရသည်။
သင်တန်းဝင်ခွင့်နှင့်
ပတ်သက်၍ အသေးစိတ်ကို ရုံးချိန်အတွင်း မော်ကွန်းထိန်းရုံးခန်း (စာမေးပွဲ ဌာန) တွင်
သွားရောက် စုံစမ်းနိုင် ပြီး ဆက်သွယ်လိုပါက ဖုန်း-၅၁၄၃၇၁ လိုင်းခွဲ-၈၁၆ သို့
စုံစမ်းနိုင်ကြောင်း သိရသည်။
No comments:
Post a Comment