ဗြိတိန်နိုင်ငံမှ
မိုင်းရှင်းလင်းရေး PYTHON ဒုံးစနစ်အား အဆင့် မြှင့်တင် ဆောင်ရွက်ရန်စီစဉ်
ဗြိတိန်နိုင်ငံသည် ယင်းတို့၏တပ်မတော်အတွင်း
တပ်ဆင်အသုံးပြုလျက်ရှိသော ဒုံးစနစ်သုံး မိုင်းရှင်းလင်း ရေးစနစ်Python
Rocket-Propelled Mindfield Breaching System များကို အဆင့်မြှင့်တင် ဆောင်ရွက် ရန်
BAE Systems Munitions ကုမ္ပဏီနှင့် သဘောတူစာချုပ်တစ်ခု ချုပ်ဆိုခဲ့ပါသည်။
Python
မိုင်းရှင်းလင်းရေး ဒုံးစနစ်တွင် အဆင့်မြှင့်တင်မှုများ အနေဖြင့် တပ်ဆင်အသုံးပြုသော
ယမ်း အမျိုး အစားကို Insensitive Munition (IM)-Compliant RX4400 အမျိုးအစားဖြင့်
Python ၏ ယမ်းကြိုးခွေ အတွင်း ထည့်သွင်းအသုံးပြုထားပြီး ပစ်ခတ်မှုစနစ်နှင့်
IM-Compliant Booster အသစ်တို့ကိုလည်း ပါဝင် တပ်ဆင်ထားပါသည်။ ယမ်းကြိုးခွေများ၏
အဆင့်မြှင့်တင် ထုတ်လုပ်မှုများမှာ ယခင်ကာလများကပင် အပြီးသတ်ဆောင်ရွက်
ခဲ့ပြီးဖြစ်ကာ စမ်းသပ်ပစ်ခတ်မှုများကိုလည်း ၂ဝ၁၄ ခုနှစ် နှစ်လယ်ပိုင်းတွင် ပြုလုပ်
ဆောင်ရွက် ခဲ့ပါသည်။ Python မိုင်းရှင်းလင်းရေး ဒုံးစနစ်များ၏ အဆင့်မြှင့်တင်မှု
လုပ်ငန်းများ အတွက် လိုအပ်သော ဆက်စပ်ပစ္စည်းများအား BAE Systems ကုမ္ပဏီ၏ Glascoed
လုပ်ငန်းခွင်တွင် စတင် ထုတ်လုပ် လျက်ရှိပါသည်။ Python စနစ်၏ သတ်မှတ်ထားသော
အဆင့်မြှင့်တင်မှု ၆ ကြိမ်ခန့်အား နှစ်အလိုက် အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
နောက်တွဲယာဉ်ပေါ်တွင် တပ်ဆင်ထားသော ဒုံးပစ်လောင်ချာ စနစ်ကိုလည်း ပြန်လည်ပြင်ဆင်
တည်ဆောက်သွားမည် ဖြစ်ပါသည်။ အဆိုပါ လုပ်ငန်းများကိုလည်း လာမည့် ၂ဝ၁၆ ခုနှစ် အတွင်း
ပြီးစီးနိုင်ရန် ဗြိတိန် ကာကွယ်ရေး ဝန်ကြီးဌာနနှင့် သဘောတူ စာချုပ် ချုပ်ဆိုထားပြီး
ဖြစ်ပါသည်။ Python စနစ်တွင် တပ်ဆင်ထားသော ယမ်းကြိုးခွေမှာ
ဒုံးစနစ်ကို အသုံးပြု၍ မိုင်းခင်း ထားသော ဧရိယာအား ပစ်လွှတ်သော နည်းလမ်းကို
အသုံးပြုထားပါသည်။ ယမ်းကြိုးခွေ သည်မြေပြင်သို့ ကျရောက် သည်နှင့် ဖိအားတစ်ခုဖြစ်ပေါ်ကာ
တင့်ဖျက်မိုင်းများနှင့် အခြား ပေါက်ကွဲစေ တတ်သော အရာများကို ဖျက်ဆီးသွားမည်
ဖြစ်ပါသည်။ Python မိုင်းရှင်းလင်းရေး ဒုံးစနစ်အား ထိုင်းနိုင်ငံတပ်မတော်တွင်လည်း
တပ်ဆင်အသုံး ပြုလျက် ရှိပါသည်။
No comments:
Post a Comment