Monday, November 3, 2014

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သက်ကြီးရွယ်အို သဘင်အနုပညာရှင်များအတွက် အလှူငွေပေးအပ်
*******************************************************************
သန်လျင်မြို့နယ် နတ်စင်တစ်ရာကျောင်းတိုက်တွင် မြန်မာနိုင်ငံ သဘင်အနုပညာရှင်များ အစည်းအရုံး (ဗဟို) က ကြီးမှူး၍ စုပေါင်းမဟာဘုံကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို နိုဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနား တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက သဘင်ပညာရှင်များအစည်းအရုံးမှ သက်ကြီးရွယ်အို ပညာရှင်များ ကျန်းမာရေး အတွက် အလှူငွေများပေးအပ်ခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ သက်ကြီးရွယ်အို သဘင်အနုပညာရှင်များနှင့် တွေ့ဆုံစဉ်

သဘင်အနုပညာရှင်များ အစည်းအရုံးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက အလှူငွေ ကျပ် ၁၀ သိန်းအပါအ၀င် အခြားလှူရှင်များက အလှူငွေများ ပေးအပ်ခဲ့ပြီး နတ်စင်တစ်ရာကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပညာတေဇနှင့် အခြားပင့်သံဃာတော်များကို ကထိန်လျာသင်္ကန်းနှင့် လှူဖွယ်ဝတ္ထုအစုစု တို့ဖြင့် ဆက်ကပ်လှူဒါန်းကြသည်။
နတ်စင်တစ်ရာကျောင်းဆရာတော် ဘဒ္ဒန္တပညာတေဇ သက်တော် (၆၄)နှစ်ပြည့် သိက္ခာတော် (၄၄) ၀ါ ပြည့်မြောက် ၀ိဇာမွေးနေ့ အလှူတော်မင်္ဂလာပွဲကိုလည်း အဆိုပါကျောင်းတိုက်၌ ဆက်လက်ကျင်းပခဲ့ပြီး အလှူရှင်များက ပရိသတ်များကို စတုဒိသာ ကျွေးမွေးခဲ့ကြသည်။
အဆိုပါ မဟာဘုံကထိန်ပွဲကို ပြည်ခိုင်ဖြိုးပါတ ဒုတိယဥက္ကဋ္ဌ အပါအ၀င် သန်လျင်မြို့နယ်အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် သဘင်ပညာရှင်များ တက်ရောက် ခဲ့ကြသည်။
နတ်စင်တစ်ရာကျောင်းတိုက်၌ ပြုလုပ်သော စုပေါင်းမဟာဘုံကထိန်ပွဲကို မြန်မာနိုင်ငံအဆင့် ပညာရှင်များအစည်းအရုံး (ဗဟို) ပြည်နယ်နှင့် တိုင်းဒေသကြီး၊ မြို့နယ်အသီးသီးမှ သဘင်အစည်းအရုံးများမှ အလှူငွေဖြင့် လှူဒါန်းခြင်းဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top