ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော် ကချင်ပြည်နယ်လေ့လာရေး ပါတီဝင်များနှင့် တွေ့ဆုံ
**************************************************************************
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်တွင် နိုဝင်ဘာလ ၁ရက်နေ့ နံနက် ၈ နာရီက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးသိန်းဇော်နှင့် ကချင်ပြည်နယ် ဆော့လော်မြို့နယ်မှ ပါတီဝင်များ၊ ရပ်မိရပ်ဖများ တွေ့ဆုံပွဲ ကျင်းပခဲ့သည်။
ပြည်ခိုင်ဖြိုးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော် ကချင်ပြည်နယ်လေ့လာရေး ပါတီဝင်များနှင့် တွေ့ဆုံစဉ်
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသိန်းဇော်က ဆော့လော်မြို့နယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဇောင်းခေါင်း၊ အရန် ဗဟိုကော်မတီဝင် ဒေါ်ရှီးဇော်လွမ်းလမ်း ဦးဆောင်သော မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်၊ကျေးရွာ စည်းရုံးရေးမှူးများ၊ ရပ်မိရပ်ဖများ စုစုပေါင်း အင်အား ၅၁ ဦးတို့ကို ရင်းရင်းနှီးနှီး နှုတ်ဆက်ပြီး လွှတ်တော်အဆင့်ဆင့် ဆောင်ရွက်နေမှုများ၊ ပါတီစည်းရုံးရေးဆောင်ရွက်မှု အခြေအနေများနှင့် အမာခံပါတီဝင်များ တိုးတက်ခိုင်မာရေး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ရှင်းလင်း ပြောကြားခဲ့ပြီး လေ့လာရေးအဖွဲ့ဝင်များအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အဆိုပါလေ့လာရေးအဖွဲ့သည် နေပြည်တော်အတွင်းရှိ ဥပ္ပါတသန္တိစေတီတော်နှင့် ရေပန်းဥယျာဉ်တို့ကို လည်းကောင်း၊ မန္တလေးမြို့ နန်းမြို့အတွင်းရှိ မြနန်းစံကျော် ရွှေကျောင်းတော်နှင့် အမရပူရမြို့နယ်ရှိ ဦးပိန်တံတားသို့လည်းကောင်း၊ ပြင်ဦးလွင်မြို့နယ် ရုက္ခဗေဒကန်တော်ကြီးဥယျာဉ်၊ ရေတံခွန်နှင့် ပြည်ချစ် ဘုရားများသို့ လည်းကောင်း သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment