Monday, November 3, 2014

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့် ရမည်းသင်းမြို့ နှစ်(၈၀)ပြည့် မြို့လုံးကျွတ် မဟာဘုံကထိန် ပွဲတော် ရေစက်ချ မင်္ဂလာ အခမ်းအနားတက်ရောက်
*************************************************************************
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို၊ နှစ်(၈၀)ပြည့် မြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော် ရေစက်ချ မင်္ဂလာ အခမ်းအနား ကို နိုဝင်ဘာလ ၂ ရက်နေ့ နံနက်ပိုင်းက ရမည်းသင်းမြို့ မြို့မရပ်ကွက် ရန်အောင်မြင် သာသနာ့ဗိမာန်၌ကျင်းပရာ အခမ်းအနား တွင် ရမည်းသင်းမြို့ ဇေယျာအောင်မြင် ကျောင်းတိုက် ဆရာတော် ဓမ္မာစရိယဂန္တ၀ါစက ပဏ္ဍိတဘဒ္ဒန္တဉာဏ်ဏိဝရ အမှူးပြုသော ဆရာတော်သံဃာတော် အပါး ၆၀ ကြွရောက်ချီးမြှင့်တော်မူကြီးပြီး အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ တိုင်းဒေသကြီး ၀န်ကြီး၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင် ဒေသခံပြည်သူများ တက်ရောက် ကြည်ညိုကြသည်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အမှူးပြုသော ဧည့်ပရိတ်သတ်များက ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းစဉ်

ရှေးဦးစွာ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ အမှူးပြုသော ဧည့်ပရိတ်သတ်များက ဆရာတော် သံဃာတော် များအား နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် ရမည်းသင်းမြို့နယ် အောင်မြင်ရွှေဘုံ ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တသုမင်္ဂလထံ မှ ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ယင်းနောက် လှူဖွယ်ဝတ္ထုပစ္စည်းများဖြစ်သည့် ကွန်ပျူတာနှစ်စုံနှင့် ဆိုင်ကယ်တို့ကို စာရေးတံမဲချ၍ ရမည်းသင်းမြို့နယ်ရှိ ဘုန်းကြီးကျောင်း ၆၀ သို့ ဆက်ကပ်လှူဒါန်းပြီး အောင်မြင်ရွှေဘုံကျောင်းတိုက် ဆရာတော်ချီးမြှင့်သည့် ကထိန်အနုမောဒနာ တရားနာယူကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
အဆိုပါမြို့လုံးကျွတ် မဟာဘုံကထိန်ပွဲတော်ကို အောက်တိုဘာလ ၂၆ ရက်မှ ၃၀ ရက်အထိ ဌာနဆိုင်ရာများ၊ အဖွဲ့အစည်း၊ မြို့ပေါ်နှင့် ရပ်ကွက်တို့မှ အလှူရှင်များက ပဒေသာပင်များကို ကထိန် ပတ်လမ်းအတိုင်း အတီးအမှုတ်များဖြင့် နေ့စဉ်လှည့်လည်၍ ဗဟိုမဏ္ဍပ်သို့ ပို့ဆောင်ခဲ့ကြသည်။
မြို့နယ်လုံးကျွတ် မဟာဘုံကထိန်ပွဲတော်ကို စုစုပေါင်း တန်ဖိုး ၇၂၅၇၁၉၃၈ ကျပ်ရှိ ဉတ်ပဒေသာပင်၊ ဆွမ်းပဒေသာပင်၊ လှူဖွယ်ဝတ္ထုနှင့် ပစ္စည်းများကို ရမည်းသင်းမြို့နယ်ရှိ ဘုန်းကြီးကျောင်း ၆၀ သို့ လှူဒါန်း ခဲ့သဖြင့် ဘုန်းကြီးကျောင်းတစ်ကျောင်းအတွက် တန်ဖိုးငွေကျပ် ၁၂ သိန်ကျော်ခန့် လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top