Wednesday, November 19, 2014

ပြည်တွင်း၌ လုပ်ကိုင်ခွင့် ရရှိ ထားသော နိုင်ငံခြား ဘဏ်များ ငွေချေးငှား လုပ်ကိုင် ရာတွင် ဗဟို ဘဏ်မှ ပြည်တွင်း ဘဏ်များ အပေါ် သတ်မှတ် ထားသည့် အတိုးနှုန်း အတိုင်းသာ ချေးရမည်

ပြည်တွင်း၌ လုပ်ကိုင်ခွင့် ရရှိထားသော နိုင်ငံခြား ဘဏ်များအနေဖြင့်  နိုင်ငံတော် ဗဟိုဘဏ်မှ လိုင်စင်ချ ပေးသည့်နေ့မှ စတင်၍  တစ်နှစ်အတွင်း ဖွင့်လှစ်ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ  နိုင်ငံခြားဘဏ်များ အနေဖြင့် ပြည်တွင်း လုပ်ငန်းရှင်များသို့ ချေးငွေပေးရာတွင်  ပြည်တွင်းဘဏ် များမှ တစ်ဆင့်သော် လည်းကောင်း၊ ပြည် တွင်းဘဏ်နှင့် ပူးပေါင်း၍သော် လည်းကောင်း ချေးငွေပေးနိုင်ကြောင်း သိရ သည်။ ပြည်တွင်းဘဏ်များနှင့် ပူးပေါင်း၍ ချေးသည့်စနစ်သည် ပြည်တွင်းဘဏ်များမှ ပမာဏများပြားစွာ ထုတ်မချေး နိုင် သည့် အချိန်တွင်  နိုင်ငံခြားဘဏ်မှ ပူးပေါင်းပြီး ချေးငွေပေးသည့် စနစ်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် လုပ်ကိုင်ခွင့်ရရှိသည့် နိုင်ငံခြားဘဏ်များ အနေဖြင့် Wholesale   Bank- ing စနစ်ဖြင့် နိုင်ငံခြားငွေနှင့် မြန်မာ ကျပ်ငွေ နှစ်မျိုးစလုံး လုပ်ကိုင်ခွင့် ရရှိမည်ဖြစ်သည်။ ပြည်တွင်း၌ ဘဏ်လုပ်ငန်း လိုင်စင်ဖြင့် လုပ်ကိုင်ခွင့် ရရှိ ထားသော   နိုင်ငံခြားဘဏ်များသည် ကျပ်ငွေဖြင့် ငွေချေးငှား လုပ်ကိုင်ရာတွင် ပြည်တွင်း ဘဏ်များကို သတ်မှတ်ပေးထားသည့်  ဗဟို ဘဏ် အတိုးနှုန်း သတ်မှတ်ချက် အတိုင်းသာ ချေးရမည်ဖြစ်ကြောင်း၊ နိုင်ငံခြားဘဏ်များ လာရောက်လုပ်ကိုင်မည့် အချိန် တွင် ငွေကြေးဆိုင်ရာအနေဖြင့်  ၎င်းဘဏ်များမှ  အမေရိကန်ဒေါ်လာ ၇၅ သန်း စတင်ရင်းနှီး မြှုပ်နှံရမည်ဖြစ်သည်။ မြန်မာ နိုင်ငံတော်ဗဟိုဘဏ် အနေဖြင့် အောက်တိုဘာ ၁ ရက်တွင် နိုင်ငံခြားဘဏ် ကိုးခုကို ပြည်တွင်း၌ ဘဏ်လုပ်ငန်း လုပ်ကိုင် ခွင့်လိုင်စင် ချပေးကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။ အဆိုပါ ဘဏ်များတွင် ဂျပန်၊ တရုတ်၊ ထိုင်း၊ မလေးရှား၊ စင်ကာပူ၊ သြစတြေးလျနှင့် နယူးဇီလန် နိုင်ငံများမှ ဘဏ်များ ပါဝင်ကြောင်း သိရသည်။
နိုင်ငံခြားဘဏ်များသည် ပြည်တွင်း၌ ဝင်ရောက်လုပ်ကိုင်ရာတွင်   ပြည်တွင်းဘဏ်များမှ လက်ရှိ ဝန်ဆောင်မှု ပေးနေသော စနစ်ဖြစ်သည့် လက်လီဘဏ်လုပ်ငန်း စနစ်ဟုခေါ်ဆိုသော Retail Banking စနစ်ဖြင့် လုပ်ကိုင်ခွင့် မပြုကြောင်း သိရသည်။ ထို့အပြင် ပြည်တွင်းဘဏ်များမှ တစ်ဆင့် ချေးသည့်စနစ်မှာ  နိုင်ငံခြားဘဏ်များ ထံမှ အတိုးနှုန်း တစ်မျိုးဖြင့်ယူကာ   ပြည်တွင်း လုပ်ငန်းရှင်များသို့ ဗဟိုဘဏ် အတိုးနှုန်းဖြင့် ပြန်လည်ချေးသည့် စနစ်မျိုး သာဖြစ်သည့် အတွက် လုပ်ငန်းရှင် များအဖို့ အတိုးနှုန်း အပြောင်းအလဲမရှိဘဲ ငွေပိုချေးနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယင်းအတွက် ယခင်က သန်း ၁ဝဝ ချေးနိုင်မည် ဆိုပါက နိုင်ငံခြားဘဏ်များ ဝင်ရောက်လာပါက သန်း ၂ဝဝ အထိ တိုးမြှင့်ချေးနိုင်မည် ဖြစ်ကြောင်း သိရသည်။
ပြည်တွင်းဘဏ်များနှင့် နိုင်ငံခြားဘဏ်များ ဖက်စပ်စနစ်ဖြင့် လုပ်ကိုင်ခွင့်သည် မြန်မာနိုင်ငံ ကုမ္ပဏီများ အက်ဥပဒေ ပြင် ဆင်ပြီးမှသာ ဖြစ်နိုင်မည်ဖြစ်ကြောင်း၊ ပြည်တွင်း ဘဏ်လုပ်ငန်းများ လုပ်ကိုင်ရန် ချထားပေးသော ဘဏ်များမှာ သြစတြေး လျ နှင့် နယူးဇီလန်ဘဏ် ANZ၊ ထိုင်းနိုင်ငံ Bangkok Bank၊ ဂျပန်နိုင်ငံမှ BTMU MIZUHO Bank မလေးရှား နိုင်ငံမှ Maybank ၊ စင်ကာပူနိုင်ငံမှ OCBC နှင့် UOB တရုတ်နိုင်ငံမှ ICBC တို့ ဖြစ်ကြောင်း သိရသည်။  




No comments:

Post a Comment

back to top