ကြယ်တံခွန်ပေါ်တွင် ဥရောပ စက်ရုပ် အာကာသ စူးစမ်းရေး ယာဉ် ပထမဆုံး အကြိမ် ဆင်းသက်နိုင်ခဲ့
ဥရောပစက်ရုပ် အာကာသ စူးစမ်းရေး ယာဉ်တစ်စင်းသည် ကြယ်တံခွန် တစ်ခုပေါ်သို့ ထမဆုံးအကြိမ် အဖြစ် ဆင်းသက် နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါ အာကာသ စူးစမ်းရေးယာဉ်သည် ဂင်းနစ်စံတော်ချိန် ၁၆ နာရီ ၅ မိနစ်တွင် ကြယ်တံခွန်ပေါ်သို့ ဆင်းသက်နိုင် ခဲ့ခြင်းဖြစ်ပြီး သို့သော် ၎င်းယာဉ်သည် ကြယ်တံခွန်၏ မျက်နှာပြင်ပေါ်၌ အခြေကုပ် တွယ်နိုင်ရန်အတွက် ကြိုးပမ်းလျက် ရှိသည်။
67 P ဟုအမည်ပေးထားသော အဆိုပါ အာကာသယာဉ်သည် ကြယ်တံခွန်ပေါ်သို့ ကီလိုမီတာ သန်းပေါင်းများစွာ သွားလာခဲ့ရပြီး အဆိုပါ ကြယ်တံခွန်ပေါ်သို့ ဆင်းသက်ရန် ၇ နာရီကြာ ကြိုးပမ်းခဲ့ရပြီး တစ်ကြိမ်သာမက နှစ်ကြိမ်တိုင်တိုင် ဆင်းသက်နိုင်ခဲ့သော်လည်း အခြေကုပ် တွယ်ရန်အတွက် အောင်မြင်မှု မရရှိသေးကြောင်း ကြယ်တံခွန်ပေါ် အာကာသယာဉ် ဆင်းသက်နိုင်ရေး စီမံကိန်း မန်နေဂျာ စတီဖန်ယူ လာမက်စ်က အခိုင်အမာ ပြောကြားခဲ့သည်။
ကြယ်တံခွန်ပေါ်သို့ အာကာသယာဉ် ဆင်းသက်နိုင်မှုသည် ကမ္ဘာကြီးနှင့် လူသားများ မည်ကဲ့သို့ ဖြစ်ပေါ် လာခြင်း၏ အကြောင်းအရင်းကို လေ့လာရန် အတွက် ပထမဆုံးသော ခြေလှမ်းတစ်ရပ် ဖြစ်ကြောင်း ဥရောပ အာကာသ အေဂျင်စီ မှ ညွှန်ကြားရေးမှူးချုပ် ဂျီအန်ဂျက်ကီစ်ဒေါဒိန်းက ပြောကြားခဲ့သည်။
၎င်းအာကာသယာဉ်သည် ကြယ်တံခွန်ပေါ်တွင် အခြေကုပ်တွယ်၍ အခြေစိုက်နိုင်မည်ဟု ယုံကြည်ကြောင်း မန်နေဂျာ ယူလာမက်စ်က BBC သတင်း ဌာနသို့ ပြောကြားခဲ့သည်။
No comments:
Post a Comment