Monday, November 3, 2014

ဘိုင်ဂျီ ရေနံမြေရှိ ဒေသနှစ်ခုကို အီရတ်တပ်ဖွဲ့များ ပြန်လည်သိမ်း



အီရတ် တပ်ဖွဲ့များသည် IS စစ်သွေးကြွများ သိမ်းပိုက်ထားသော အဓိကရေနံမြေ တစ်ခုဖြစ်သည့် ဘိုင်ဂျီမြို့ရှိ ဒေသနှစ်ခု ကို ပြန်လည် သိမ်းယူနိုင်ခဲ့ကြောင်း စစ်ဘက်အရာရှိ တစ်ဦးက ထုတ်ဖော်ပြောကြားခဲ့သည်။
အီရတ် တပ်ဖွဲ့ဝင်များသည် အဆိုပါ မြို့အတွင်းသို့ အောက်တိုဘာ ၃၁ ရက်က ဝင်ရောက်ခဲ့ပြီး အယ်လ်ဆိုင်းနိုင်း နှင့် အယ်လ်တာမင် ဒေသအတွင်းရှိ IS စစ်သွေးကြွများကို ရှင်းလင်းနိုင်ခဲ့ကြောင်း ယင်းဒေသတွင် အခြေစိုက် ထားသော အစိုးရတပ်ဖွဲ့မှ ဒုတိယ ဗိုလ်မှူးကြီး အက်ဒူလ်ဝါဟက်ဘ် အယ်လ်ဆာဒီ က ပြောကြားခဲ့သည်။
အီရတ် အစိုးရ တပ်များသည် စစ်သွေးကြွ အဖွဲ့များနှင့် တစ်ညလုံး အပြင်းအထန် တိုက်ခိုက်ပြီးနောက် အဆိုပါ ဒေသများကို ပြန်လည်သိမ်းပိုက် နိုင်ခဲ့ခြင်းဖြစ်သည်။ သို့သော် ဘဂ္ဂဒက်မြို့ အနောက်မြောက်ဘက် ကီလိုမီတာ ၁၄ဝ အကွာရှိ Tikrit တက္ကသိုလ်ရှိ အီရတ်ကွပ်ကဲမှု ဌာနချုပ်ကို IS စစ်သွေးကြွများက ဝင်ရောက်တိုက်ခိုက်ခဲ့မှု ကြောင့် အီရတ်တပ်ဖွဲ့၏ စစ်ဆင်ရေးမှာ ရပ်တန့်ခဲ့ရကြောင်း အက်ဒူလ်ဝါဟက်ဘ် အယ်လ်ဆာဒီ က ထပ်လောင်း ပြောကြားခဲ့သည်။ ၎င်းတက္ကသိုလ်တွင် အသေခံ ဗုံးခွဲသမား သုံးဦးက ဖောက်ခွဲရေး ပစ္စည်းများ အပြည့်တင်ဆောင် ထားသည့် ယာဉ်များဖြင့် ဖောက်ခွဲတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သော်လည်း လုံခြုံရေး တပ်ဖွဲ့ဝင်များက ဟန့်တားနိုင်ခဲ့ ပြီး စစ်သွေးကြွ တစ်ဦးကို ပစ်ခတ်သတ်ဖြတ် နိုင်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top