Google မှ အထင်ကြီးလေးစားဖွယ် Nexus 6 ကို ထုတ်ဖေါ်ကြေညာ
Google မှ Nexus 6 စမတ်ဖုန်းနှင့် Nexus 9 tablet တို့အား ထုတ်ဖေါ်ပြသခဲ့ပြီး ၄င်းကိရိယာများကို နိုဝင် ဘာလ အတွင်း ဈေးကွက်တွင် ၀ယ်ယူရရှိနိုင် မည်ဟု ဆိုသည်။ လက်လီအရောင်းဆိုင်တစ်ချို့တွင် မကြာ မီကြိုတင် အမှာစာများ ပေးပို့နိုင်မည်ဟု သိရသည်။ Nexus 6 သည် Android 5.0 Lollipop အပေါ် အခြေခံထားကာ ယခင် Android ဗားရှင်းများနှင့်မတူပဲ အံ့သြဖွယ်ရာ တိုးတက်ပြောင်းလဲမှုများပါဝင်လာမည်ဟု ဆိုသည်။
Nexus 6 သည် ယခင်ထုတ်လုပ်ခဲ့သော Nexus 5 နှင့် အခြားဗားရှင်းလက်ကိုင်ဖုန်းများထက် အရွယ်အစား ပိုမိုကြီးမား လာမည်ဟု ဆိုသည်။ Nexus 6 ၏ ဒီဇိုင်းပုံမှာ Moto X 2014 နှင့်ဆင်တူကြောင်း သိရသည်။ အလူမီနီယံဘောင်သည် ပို၍ကြည့်ကောင်းလာစေသော်လည်း သစ်သားသို့မဟုတ် သရေစသည်တို့ဖြင့် မွမ်းမံပြင်ဆင် ထားရန်မရှိဟု ဆိုသည်။
Nexus 6 အား တိမ်သားဖြူရောင်နှင့် သန်းခေါင်ညအပြာရောင် နှစ်မျိုးဖြင့်ရရှိနိုင်မည်ဟု Google က ပြောကြား ခဲ့သည်။ Nexus 6 သည် (၅.၉၆) လက်မအကျယ်ရှိ 2560x1440 Quad HD display ကို အထောက်အပံ့ ပေးထားကာ Samsung Galaxy Note 4 ထက် အရွယ်အစား မသိမသာလေးကြီးမား မည်ဖြစ်ကြောင်း သိရသည်။
|
အားမာန်သစ်
Monday, November 3, 2014
Subscribe to:
Post Comments (Atom)
No comments:
Post a Comment