B.E ဝင်ခွင့် စာမေး ပွဲများ လေးနှစ် တစ်ကြိမ် ကျင်းပ ခဲ့ရာမှ ယခု နှစ်မှ စ၍ နှစ်စဉ် ကျင်းပမည်
သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန လက်အောက်ရှိ
နည်းပညာတက္ကသိုလ်၊ ကောလိပ်များ၏ ၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် မေးခွန်းများကို
အရည်အသွေးမြှင့်၍ မေးထားသောကြောင့် နိုဝင်ဘာ
၁၆ ရက် နံနက်က ထွက်ရှိ ခဲ့သည့် အောင်စာရင်းတွင် အောင်ချက်နည်းပါးခဲ့ပြီး
ကျောင်းသားများ နစ်နာမှုမရှိစေရေး ယခင် လေးနှစ် တစ်ကြိမ် ကျင်းပသော B.E
ဝင်ခွင့်စာမေးပွဲ များကို နှစ်စဉ် ကျင်းပသွားမည် ဖြစ်ကြောင်း စက်မှုနှင့်
သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက ပြောသည်။
B.E
ဝင်ခွင့် စာမေးပွဲ များကို ယခင်က လေးနှစ်တစ်ကြိမ်သာ ကျင်းပလေ့ ရှိသော်လည်း
ယခုအခါတွင် ကျောင်း သား၊ ကျောင်းသူ များ နစ်နာမှုမရှိစေရေး နှစ်စဉ်
ဝင်ခွင့်စာမေးပွဲများကို ပြုလုပ်ပေးသွားရန် စီစဉ်ထားကြောင်း ၎င်း က ဆက်လက် ပြောသည်။
သိပ္ပံနှင့်
နည်းပညာဝန်ကြီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ကောလိပ်များ အောင်စာရင်း ထုတ်ပြန်ရန်
သက်ဆိုင်ရာ ပါမောက္ခများ၊ မော်ကွန်းထိန်းများဖြင့် နိုဝင်ဘာ ၁ဝ ရက်မှ ၁၂
ရက်အထိ သုံးရက်တိုင်တိုင် အစည်းအဝေး ပြုလုပ်ခဲ့ပြီးမှ ထုတ်ပြန်ကြေညာခဲ့ခြင်း
ဖြစ်သည်။ ''ဒီနှစ် ကျောင်းသားက သုံးပုံနှစ်ပုံ လောက်ပဲ နာမည်ပါတယ်။ အဲဒီထဲမှာ B.E
ဆက် တက်ခွင့်ရတာ တစ်ဝက်တောင်မရှိဘူး။ အရင်က အောင်စာရင်းထုတ်ရင် အခုလို မဟုတ်ဘူး။
နေပြည်တော်မှာ အစည်း အဝေး ထိုင်ပြီးတော့မှ အခုလို အောင်စာရင်း ထွက်လာတာ'' ဟု
သန်လျင်နည်းပညာ တက္ကသိုလ်မှ စတုတ္ထနှစ် ကျောင်း သား တစ်ဦးက ပြောသည်။
ယခု
B.E ဝင်ခွင့်မရသော ကျောင်းသားများနှင့် ယခင်နှစ်များက B.E ဝင်ခွင့်မရသော
ကျောင်းသားများ အတွက် နှစ်စဉ် ဝင်ခွင့် စာမေးပွဲများကို စစ်ဆေးသွားမည်
ဖြစ်သော်လည်း မေးခွန်းကို အဆင့်မြှင့်တင် သွားမည်ဖြစ်ကြောင်း စက်မှုနှင့်
သက်မွေးပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်ဝင်းက ပြောသည်။
No comments:
Post a Comment