Wednesday, November 19, 2014

ဆောင်းရာသီမွေးသော ကလေးများ စောစော လေးဖက်သွား

နွေရာသီတွင် မွေးဖွားသော ကလေးငယ်များနှင့် နှိုင်းယှဉ်ပါက ဆောင်းရာသီတွင် မွေးသော ကလေးငယ် များမှာ စောစောစီးစီး လေးဖက်သွားကြောင်း လေ့လာမှုအသစ်တစ်ရပ်က ဖော်ပြသည်။

ဟိုင်ဖာ တက္ကသိုလ်၏ ယခုလေ့လာမှုက ကလေးမွေးဖွားသောရာသီမှာ ၎င်းတို့၏ ပထမဆုံးနှစ်အတွင်း ဖွံ့ဖြိုးတိုးတက်မှုအပေါ် လွှမ်းမိုးမှုရှိကြောင်း တွေ့ရှိခဲ့သည်။
ကလေးငယ်များ လေးဖက်စသွားသည့် ပျမ်းမျှအသက်မှာ ၃၁ ပတ်ဖြစ်သည်။ သို့သော် ဆောင်းရာသီတွင် မွေးသော ကလေးငယ်များမှာ သီတင်းပတ် ၃၀ အကြာတွင်စ၍ လေးဖက်သွားပြီး နွေရာသီတွင် မွေးဖွား သော ကလေးငယ်များမှာ သီတင်းပတ် ၃၅ ပတ်ကြာမှစ၍ လေးဖက်သွားကြောင်း ယခုလေ့လာမှုက ဖော်ပြသည်။
ဆောင်းရာသီတွင် မွေးဖွားသော ကလေးငယ်များမှာ အလုံးစုံဖွံ့ဖြိုးမှု ပိုမြင့်မားကြောင်း သိရသည်။
ကမ္ဘာပေါ်ရှိ အခြားသော ဒေသများနှင့် နှိုင်းယှဉ်ပါက အစ္စရေးနိုင်ငံ၏ ဆောင်းရာသီမှာ များစွာ အအေးပေါ့ သော်လည်း အစ္စရေးနိုင်ငံ၏ နွေရာသီနှင့် ဆောင်းရာသီကြား ကွာခြားချက်များကြောင့် ရာသီဥတုက ကလေး၏ ဖွံ့ဖြိုးတိုးတက်မှုအပေါ် လွှမ်းမိုးမှုရှိဆဲဖြစ်သည်ဟု သုတေသီများက ပြောသည်။

ကလေးငယ်များ၏ အတွေ့အကြုံများအပေါ် ရာသီဥတုက လွှမ်းမိုးမှုများစွာရှိပြီး ကလေးငယ်များ ၀တ်ဆင် သော အ၀တ်အလွှာ၊ ကလေးငယ်များ ကြမ်းပြင်နှင့် မှောက်လျက် ထိတွေ့ခွင့်ရသည့် အချိန်ပမာဏ လှုပ်လှုပ် ရှားရှားနေသည့် အချိန်နှင့် နေ့အလင်းရောင်တို့က ၎င်းတို့၏ ဖွံ့ဖြိုးတိုးတက်မှုတို့ကို လွှမ်းမိုး နိုင်ကြောင်း သုတေသီများက ပြောသည်။
ref.7 day daily

No comments:

Post a Comment

back to top