ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်ပြည်ခိုင်ဖြိုး၏ လှူဒါန်းမှု
*************************************
ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ (၁၅) ကြိမ်မြောက် စုပေါင်းဘုံကထိန်တော်ကို ပင်လိန်အရှေ့ကျေးရွာ ရွှေလမင်းကျောင်းတိုက် တွင် လှူဒါန်းပူဇော်မည်ဖြစ်ရာ မြို့နယ်ပါတီအတွင်းရေးမှူး ဦးကျော်ကျော်စိုးနှင့် အဖွဲ့သည် ၂၁-၁၀-၂၀၁၄ ရက်နေ့ နံနက်ပိုင်းတွင် ရွှေလမင်းကျောင်းတိုက်သို့ သွားရောက်၍ ဆရာတော် ဒေါက်တာ အရှင်ဝီရိယာ စာရ Ph.D (Pune, India) ထံ ကထိန်ဥတ် သင်္ကန်းကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ကထိန်အခြံအရံပစ္စည်းများနှင့် ၀တ္ထုငွေများကို နိုဝင်ဘာ ၁၅ ရက်နေ့တွင် ကထိန်အောင်ပွဲအဖြစ် ဆက်ကပ်လှူဒါန်းသွားမည် ဖြစ်သည်။
ရွှေလမင်းကျောင်းတိုက် ဆရာတော် ဒေါက်တာ အရှင်ဝီရိယာစာရထံ ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းစဉ်
ထို့နောက် အတွင်းရေးမှူးနှင့်အဖွဲ့သည် ပင်လိန်အရှေ့ကျေးရွာ လျှပ်စစ်မီး သွယ်တန်းအသုံးပြုနိုင်ရေးအတွက် ကျေးရွာလူထုနှင့် တွေ့ဆုံဆွေးနွေးကာ မီးလင်းရေးကော်မတီကို ဖွဲ့စည်းပေးခဲ့သည်။
မူလတန်းကျောင်းများအတွက် ဗလာစာအုပ်များ လှူဒါန်းစဉ်
ဆက်လက်၍ အတွင်းရေးမှူး နှင့်အဖွဲ့သည် ပင်လိန်အရှေ့ကျေးရွာ၊ ပွဲကောက်ကျေးရွာ၊ ပင်လိန် အလယ်ကျေးရွာ၊ သပြေရေကျေးရွာနှင့် မီးသွေးဖိုကျေးရွာ မူလတန်းကျောင်းများသို့ သွားရောက်၍ တစ်ကျောင်းလျှင် ကျောင်းသုံးဗလာစာအုပ် ၂၀ ဒါဇင်စီ လှူဒါန်းပေးခဲ့ပြီး ဆရာ/ဆရာမများ၏ အခက်အခဲနှင့် လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်း ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
No comments:
Post a Comment