Friday, October 24, 2014

ပါတီဝင်အင်အား တိုးတက်ရရှိရေး ကွင်းဆင်းဆောင်ရွက်
*****************************************
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ အောက်တိုဘာ ၂၁ ရက် နံနက် (၁ဝ) နာရီအချိန်တွင် တိုင်း/ခရိုင်/မြို့နယ် ပါတီကော်မတီဝင်များနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ စစ်ကိုင်းတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းထိုက်အောင်၊ ခရိုင်ပါတီဥက္ကဋ္ဌ ဦးသန်းတင့်၊ ခရိုင်/မြို့နယ်ပါတီကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး အစည်းအဝေးတွင် ပါတီဝင်အင်အား ၂ဝ%ပြည့်မီရေး၊ (၂ဝ၁၅) ရွေးကောက်ပွဲအောင်နိုင်ရေး၊ (၂ဝ၁၅) အောင်နိုင်ရေးစည်းရုံးရေးစီမံချက်ကိစ္စများကို ဆွေးနွေးခဲ့ကြသည်။


ဆက်လက်ပြီး (၁၅ဝဝ)ချိန်တွင် တိုင်း ဒေသကြီး ပါတီကော်မတီဝင် ဦးသန်းထိုက်အောင်နှင့် ခရိုင် ပါတီကော်မတီဝင် ဦးကျော်ထွန်းဦးတို့သည် စစ်ကိုင်းမြို့ ဧမြဝတီရပ်ကွက်၊ ရွာထောင်ရပ်ကွက် များသို့ သွားရောက်၍ ပါတီဝင်အင်အား တိုးတက်ရရှိရေးအတွက် နယ်မြေကွင်းဆင်း စည်းရုံးဆောင်ရွက်ခဲ့ ကြကြောင်း သိရသည်။

No comments:

Post a Comment

back to top