အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင် ရေး သင်တန်းဖွင့်
***********************************************************
မန္တလးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်း ၃/၂၀၁၄ ဖွင့်ပွဲ ကိုအောက်တိုဘာ ၂၂ ရက် နံနက် ၉ နာရီက ၈၃ လမ်း မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ မန္တလေးတိုင်းဒေသကြီး ခရိုင်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အလုပ် မှုဆောင် နယ်မြေတာဝန်ခံ ဦးကျော်သန်း တက်ရောက်အမှာစကားပြောကြားသည်။
အောင်မြေသာစံမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေးသင်တန်းဖွင့်လှစ်စဉ်
အဆိုပါသင်တန်းဖွင့်ပွဲသို့ မြို့နယ်ပါတီ အတွင်းရေးမှူး ဦးဌေးနှင့် ကော်မတီဝင်များ၊ ရပ်ကွက် ၁၉ ရပ်ကွက်မှ စည်းရုံးရေးမှူးများ၊ သင်တန်းသား သင်တန်းသူ ၆၀ နှင့် ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။
ရှေးဦးစွာ ခရိုင်ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးကျော်သန်းက ရှေ့လုပ်ငန်းစဉ်များ၊ ဆောင်ရန် ရှောင်ရန်များကို မှာကြားသည်။ ထို့နောက် သင်တန်းမှူး၊ မြို့နယ်ကော်မတီဝင် ဦးဝင်းမောင်က သင်တန်းစည်းကမ်းချက်များကိုရှင်းလင်းတင်ပြပြီး ဖွင့်ပွဲကို ရုပ်သိမ်းလိုက်သည်။
အဆိုပါသင်တန်းမှာ သုံးရက်ကြာမြင့်မည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ကွင်းဆင်း၍ သင်တန်းပို့ချဆွေးနွေးချက်များကို ဆောင်ရွက်မည့်အပြင် သင်တန်းသားများ၏ ပင်ကို အရည်အချင်း စာမေးပွဲများကိုလည်း စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
No comments:
Post a Comment