Wednesday, October 22, 2014

ဘုန်းတော်ကြီးသင် ပညာရေးကျောင်းသို့ ရန်ကင်းပြည်ခိုင်ဖြိုး အလှူငွေနှင့် ပစ္စည်းများ လှူဒါန်း
***************************************************
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် (၉) ရပ်ကွက်ရှိ ဝါဆိုမှီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း သို့ ယခုလ ၁၉ ရက် နံနက် ၉ နာရီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စာလှးယ်နှင့် ပါတီဝင်များက အာဟာရအတွက် အလှူငွေနှင့် သင်ထောက်ကူပစ္စည်းများ လှူဒါန်းကြသည်။
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းသို့ ရန်ကင်းပြည်ခိုင်ဖြိုး အလှူငွေနှင့် ပစ္စည်းများလှူဒါန်းစဉ်

လှူဒါန်းပွဲအခမ်းအနားတွင် ဝါဆိုမှီ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအုပ်ဆရာတော် ဘဒ္ဒန္တ ရဋ္ဌပါလဓမ္မစရိယ (MA.Buddhism) ထံမှ ငါးပါးသီလ ခံယူကြပြီး ဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသာဝင်းက အာဟာရအတွက် ငွေနှင့် သင်ထောက်ကူပစ္စည်းများ လှူဒါန်းရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းလျှောက်ထားသည်။
ဆက်လက်၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသာဝင်းမိသားစု၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးမျိုးခင်မိသားစု၊ မြို့နယ်ပါတီကော်မတီဝင် မလိခဦးလှချစ် မိသားစုတို့က စုပေါင်း၍ အာဟာရအတွက် ငွေကျပ်စုစုပေါင်း ၇၁၀၀၀ ကိုလည်းကောင်း၊ ဒေါက်တာခင်ဖြူဝင်း မိသားစုနှင့် ဦးတင်အောင် မိသားစုတို့က ဆန်တစ်အိတ်စီ၊ ပေါင်း ဆန်နှစ်အိတ်တို့နှင့် ဗလာစာအုပ်များ၊ သင်ထောက်ကူပစ္စည်းများ လှူဒါန်းကြပြီး ရေစက်ချ အမျှဝေကြကြောင်း သိရသည်။

No comments:

Post a Comment

back to top