USDP ပါတီနှင့် NLD ပါတီတို့မှ ကိုယ်စားလှယ်များ အမေရိကန်နိုင်ငံ ဆီနိတ်တာရွေးကောက် ပွဲသို့ လေ့လာရန် သွားရောက်
*****************************************************
အမေရိကန်နိုင်ငံ The Richardson Center ၏ Myanmar Women to Wisconsin (အောက်တိုဘာ၂၁ ရက်မှ နိုဝင်ဘာ ၇ ရက်ထိ) အစီ အစဉ်ဖြင့် မြန်မာနိုင်ငံရှိ နိုင်ငံရေးပါတီများဖြစ်သော ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့မှ ပါတီဝင် ကိုယ်စားလှယ် (၁) ဦးစီနှင့် စကားပြန် (၁)ဦး စုစုပေါင်း (၃) ဦးအဖွဲ့သည် အမေရိကန်နိုင်ငံ၌ ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလဆန်း တွင်ပြုလုပ်မည့် ဆီနိတ်တာ ရွေးကောက်ပွဲကို လက်တွေ့ ကွင်းဆင်းလေ့လာနိုင်ရန် ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်မှ အောက်တိုဘာလ (၂၀)ရက် ၁၁၃၀ နာရီအချိန်တွင် ကိုရီးယားလေကြောင်းလိုင်း Korean Air 472 လေယာဉ်ဖြင့် ထွက်ခွာသွားကြောင်း သိရသည်။

အမေရိကန်နိုင်ငံ ဆီနိတ်တာရွေးကောက်ပွဲသို့ လေ့လာရန်သွားရောက်မည့် ကိုယ်စားလှယ်များ
အဆိုပါအဖွဲ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဒေါ်နီနီမေမြင့် (အုပ်ချုပ်ရေးမှူး၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဌာနချုပ် )၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ခရိုင်ပါတီကော်မတီဝင် ဒေါ်ဇာခြည်လင်း နှင့် စကားပြန်အဖြစ် The Sun Institute မှ ဒေါ်အေးငြိမ်းမိုးတို့ လိုက်ပါသွားကြောင်း၊ အမေရိကန်ပြည်ထောင်စုရှိ နိုင်ငံရေးပါတီများ နှင့် ဆီနိတ်တာ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ်စည်းရုံးမှုများနှင့် အမေ၇ိကန်ပြည်ထောင်စုရှိ နိုင်ငံသားများ၏ မဲပေးပုံ၊ မဲရေတွက်ပုံများကို ကိုယ်တွေ့မျက်မြင် လေ့လာကြမည်ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံ၏ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲအတွက် အထောက်အပံ့ ဖြစ်စေမည့် ခရီးစဉ်ဖြစ်ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment