သာရေးနားရေး လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရန် ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလှူငွေပေးအပ်
*****************************************************
စစ်ကိုင်းတိုင်းဒေသကြီး၊ဝန်းသိုမြို့နယ် ကင်းမြင်သာကျေးရွာအုပ်စု ကင်းမြင်သာကျေးရွာ အပျို/လူပျိုအဖွဲ့ သာရေး၊ နာရေးလုပ်ငန်းတွင် အသုံးပြုရန်အတွက် ပလတ် စတစ်ထိုင်ခုံ ဝယ်ယူရန် အလှူငွေ ပေးအပ်ပွဲကို ယခုလ ၁၅ ရက် နံနက် ၈ နာရီခွဲတွင် ကင်းမြင်သာကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပရာ အခမ်းအနားသို့ မြို့နယ်အလုပ်အမှုဆောင် ကော်မတီဝင် ဦးကျော်မင်း၊ ဦးမြင့်ထွန်း၊ ဒေါ်မြင့်မြင့်ခိုင်နှင့် ကင်းမြင်သာကျေးရွာ အုပ်စုအမှုဆောင် ဦးမြင့်သိန်းထွန်းနှင့် ကင်းမြင် သာကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး၊ ကင်းမြင်သာကျေးရွာ အထောက်အကူပြုအဖွဲ့ဝင်နှင့် ကျေးရွာလူငယ် ခေါင်းဆောင်တို့ တက်ရောက်ခဲ့ကြသည်။
သာရေးနားရေး လုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူရန် ဝန်းသိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အလှူငွေပေးအပ်စဉ်
အခမ်းအနားတွင် မြို့နယ်အလုပ်အမှုဆောင်ကော်မတီဝင် ဦးကျော်မင်းက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားပြီး မြို့နယ်အလုပ်အမှုဆောင် ကော် မတီဝင် ဦးမြင့်ထွန်း၊ ဒေါ်မြင့်မြင့်ခိုင်နှင့် ကင်းမြင်သာကျေးရွာ အမှုဆောင်တို့က အလှူငွေကျပ် ၁၅၀၀၀၀ ကို ပေးအပ်ရာ ကင်းမြင်သာအုပ်စု အုပ်ချုပ်ရေးမှူး ဦးလှကျော်၊ ကျေးရွာ အထောက်အကူပြုအဖွဲ့ဝင် ဦးခင်မောင်ဝေ၊ ကျေးရွာလူငယ် ခေါင်းဆောင် ဦးမင်းဦးတို့က လက်ခံရယူကြသည်။ အခမ်းအနား အပြီးတွင် ကျေးရွာ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment