သာကေတမြို့နယ် ပြည်ခိုင်ဖြိုးပါတီ Door to Door လုပ်ငန်းများ ဆောင်ရွက်
*******************************************************
သာကေတမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးဇော်ဝင်းနိုင် ဦးဆောင်သော မြို့နယ်ကော်မတီဝင်များနှင့် ပါတီဝင်များသည် ယခုလ ၁၉ ရက် မွန်းလွဲ ၁ နာရီမှ စတင်၍ ၆/အနောက်ရပ်ကွက်ရှိ လမ်းပေါင်း ၁၈ လမ်း၊ အိမ်ထောင်စုပေါင်း ၆၇၄ စုသို့ တစ်အိမ်တက်ဆင်း (Door to Door) လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။
Door to Door လုပ်ငန်းများဆောင်ရွက်ရာတွင် လုပ်ငန်းရည်ရွယ်ချက်များဖြစ်သည့် မိမိပါတီ ၂၀၁၅ ရွေးကောက်ပွဲအောင်နိုင်ရေး အခြေအနေ အကဲဖြတ်နိုင်ရန်၊ မိမိပါတီ၏ အားနည်းချက်များနှင့် ပြုပြင်ရန် လိုအပ်ချက်များ၊ ပြည်သူထဲမှသိရှိနိုင်စေရန် မိမိတို့ပါတီ၏ အာမခံအင်အားများ စုစည်းရရှိနိုင်စေရန်၊ ပါတီဝင်အင်အား တိုးပွားလာစေရန် စသည့်အချက်များအတိုင်း ဆောင်ရွက်ခဲ့ကြသည်။
ယနေ့ Door to Door လုပ်ငန်းဆောင်ရွက်ရာသို့ ပါတီဝင်အင်အား ၁၀၄ ဦး ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ၂၀၁၅ ရွေးကောက်ပွဲကာလအထိ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် Door to Door လုပ်ငန်းမှ ရရှိလာသည့် အချက်အလက်များအပေါ် သုံးသပ်၍ လက်တွေ့ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
No comments:
Post a Comment