Wednesday, October 22, 2014

ပန်းတနော်ပြည်ခိုင်ဖြိုး ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်းဖွင့်
***********************************************************
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးမှ ကြီးမှူးဖွင့်လှစ် သော ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၄/၂ဝ၁၄) ဖွင့်ပွဲကို အောက်တိုဘာလ (၂ဝ) ရက် နံနက် (၉) နာရီအချိန်က ပန်းတနော်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ကျင်းပရာ မြို့နယ်ပါတီ အတွင်းရေးမှူး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝင်းသိန်းက သင်တန်းဖွင့် အမှာစကားပြောကြားပြီး၊ ခရိုင်ကော်မတီဝင် ဦးစောနိုင်ဦး၊ မြို့နယ် ကော်မတီဝင်များ၊ ရပ်/ကျေးအမူဆောင်များ စုစုပေါင်း အင်အား (၆၅) ဦး တက်ရောက်ခဲ့ကြသည်။
 
ပန်းတနော်ပြည်ခိုင်ဖြိုး ပြည်သူ့ပါတီမဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်းဖွင့်လှစ်စဉ်

ယင်းသင်တန်းသို့ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များမှ သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ အောက်တိုဘာ (၂ဝ) ရက်မှ (၂၂) ရက်အထိဖြစ်ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment

back to top