Wednesday, October 22, 2014

လွိုင်ကော်မြို့နယ် ရပ်ကွက်/ကျေးရွာအဆင့် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ် ကျင်းပ
*************************************************
လွိုင်ကော်မြို့နယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ရပ်ကွက်/ ကျေးရွာ အုပ်စုအဆင့် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ် (၂၀၁၄) ကို (၂၁.၁၀. ၂၀၁၄) ရက် နံနက် (၁၀) နာရီအချိန်တွင် ကုန်းသာကျေးရွာအုပ်စု၊ သရက်ပင်ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ရာ ပထမဦးစွာ ပြည်နယ်ကော်မတီဝင် (လွိုင်ကော်မြို့နယ် တာဝန်ခံ) ဦမော်ရယ်မှ အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ကော်မတီဝင် ဦးမောင်ရွှေမှ ဖိုရမ်ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း တင်ပြပါသည်။ ဆက်လက်ပြီး တောင်သူလယ်သမားကဏ္ဍကို မြို့နယ်ကော်မတီဝင် ဦးအန်ရေးရ (မီး) မှလည်းကောင်း၊ အလုပ်သမားကဏ္ဍကို ခရိုင်ကော်မတီဝင် ဦးမျိုးမြင့်ဦး မှလည်းကောင်း၊ လူငယ်ရေးရာကဏ္ဍကို ပြည်နယ်ကော်မတီဝင် ဒေါ်မော်မော်ခိုင်နှင့် မြို့နယ်ကော်မတီဝင် ဦးကူးရယ် တို့မှလည်းကောင်း ဦးဆောင်ဆွေးနွေးခဲ့ကြပါသည်။
လွိုင်ကော်မြို့နယ် ရပ်ကွက်/ကျေးရွာအဆင့် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ် ကျင်းပစဉ်


ထို့နောက် ပြည်နယ်ကော်မတီဝင် (လွိုင်ကော်မြို့နယ် တာဝန်ခံ) ဦမော်ရယ်မှ နိဂုံးချုပ် အမှာစကားပြောကြားပြီး အခမ်းအနားကို နေ့လည်(၁၂း၀၀) နာရီအချိန်တွင် ရုပ်သိမ်းလိုက်ပါသည်။
ယင်းအခမ်းအနားသို့ ပြည်နယ်/ခရိုင်/မြို့နယ် ကော်မတီဝင်များနှင့် ကုန်းသားကျေးရွာအုပ်စု၊ နိုးကိုး ကျေးရွာအုပ်စု၊ ဒေါပေါ်ကလဲ ကျေးရွာအုပ်စု တို့မှ စည်းရုံးရေးမှူးနှင့် အဖွဲ့ဝင်များ၊ ပါတီဝင်များ စုစုပေါင်း အင်းအား (၆၀)ဦးခန့် တက်ရောက်ကြောင်း သတင်းရရှိသည်။
ကိုမျိုး(လွိုင်ကော်)

No comments:

Post a Comment

back to top