Wednesday, October 1, 2014

တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်နှင့် အမျိုးသမီးရေးရာ ဖွဲ့စည်းရေး အကြို လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ
*********************************************************
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၏ တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်နှင့် အမျိုးသမီးရေးရာ ဖွဲ့စည်းခြင်း အကြိုလုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး (အပေါ်ထပ်) အစည်းအဝေးခန်းမ၌ စက်တင်ဘာ (၂၆) ရက် (၁၄၀၀) အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ ပြည်နယ်ပါတီ အတွင်းရေးမှူး၊ ပြည်နယ်တွဲဖက် အတွင်းရေးမှူး၊ ပြည်နယ် ကော်မတီဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်မှ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး များ၊ ကော်မတီဝင်များ တက်ရောက်ခဲ့ပြီး စစ်တွေမြို့နယ် တောင်သူလယ်သမား၊ အလုပ်သမား၊ လူငယ်နှင့် အမျိုးသမီးရေးရာ ကော်မတီ ဖွဲ့စည်းခြင်းကို အောက်တိုဘာလ (၄) ရက်နေ့တွင် ဖွဲ့စည်းရန် လျာထား သတ်မှတ်ခဲ့ကြောင်း သိရသည်။

တောင်သူလယ်သမား၊ အလုပ်သမား၊ အမျိုးသမီးနှင့် လူငယ်ရေးရာကော်မတီ ဖွဲ့စည်းနိုင်ရေးအတွက် ရခိုင်ပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်နယ်အတွင်းရေးမှူး ဒေါက်တာစန်းရွှေ (ဗဟိုကော်မတီဝင်)၊ ပြည်နယ်တွဲဖက်အတွင်းရေးမှူး ဦးသန်းဝေ (ဗဟိုအတွင်းရေးမှူး)၊ ပြည်နယ် ပါတီ ကော်မတီဝင် ဦးစန်းငွေနှင့် ပြည်နယ် EC များနှင့် လုပ်ငန်းညှိနှိုင်း တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး အဆိုပါ တွေ့ဆုံပွဲသို့ ပေါက်တောမြို့နယ် ဥက္ကဋ္ဌ၊ ရပ်/ကျေး ကော်မတီဝင်များ စုစုပေါင်း အင်အား (၇၀) ကျော်ခန့် တက်ရောက်ခဲ့ကယ တောင်သူလယ်သမား၊ အလုပ်သမား၊ အမျိုးသမီးနှင့် လူငယ်ရေးရာ ကော်မတီ ဖွဲ့စည်းခြင်းလုပ်ငန်းများကို မြို့နယ် ရပ်ကွက် စည်းလုံးရေးမှူး စုံလင်စွာဖြင့် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top