Wednesday, October 1, 2014

အနီကတ်နှင့်ထိုက်တန်ဟု မန်ယူ တိုက်စစ်မှူးရွန်းနေပြော

မန်ချက်စတာ− ဝက်စ်ဟမ်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့်ပွဲတွင် မန်ယူ တိုက်စစ်မှူးရွန်းနေသည် ဘောလုံး သမား ဘဝ တစ်လျှောက် ဆဋ္ဌမမြောက် အနီကတ် ပြသခံခဲ့ရခြင်းမှာ ထိုက်တန်သည်ဟု ၎င်းက ပြောကြားသည်။
ယခုနှစ် ဘောလုံးရာသီအတွင်း ရွန်းနေအား နည်းပြသစ် ဗန်ဂါးလ်က အသင်းခေါင်းဆောင် ရာထူးခန့် အပ်ခဲ့ပြီး ဝက်စ်ဟမ်း နှင့်ပွဲတွင် စတီးဝပ် ဒေါင်းနင်းအပေါ် ပြစ်ဒဏ်ကျူးလွန်သဖြင့် အနီကတ်ပြ အထုတ်ခံခဲ ရသည်။ ရွန်းနေသည် ယင်းအနီ ကတ်ကြောင့် အသင်းဟောင်း အဲဗာတန်၊ချယ်လ်ဆီး၊ ဝက်စ်ဟမ်း အသင်းတို့နှင့် ပွဲများကို လွဲချော်တော့မည် ဖြစ်သည်။ ရွန်းနေသည် အသင်းဖော်များ ကို တောင်းပန် ခဲ့သည်ဟု ပြောကြားသော်လည်း ဒေါင်းနင်းကို တောင်းပန်ခြင်း မရှိပေ။ ယင်းပွဲတွင် မန်ယူအတွက် ဗွေဆော်ဦး ဂိုးကို ပွဲကစားချိန် ၅ မိနစ်တွင် ရွန်းနေက သွင်းယူခဲ့ခြင်းဖြစ်သည်။ ‘‘ကျွန်တော် အသင်း ဖော်တွေကို တောင်းပန် ခဲ့ပါတယ်။ အသင်းဖော်တွေကလည်း ကျွန်တော် မှားခဲ့တယ်ဆိုတာ သိတယ်လို့ ထင်ပါတယ်။ လူတစ်ယောက် လျော့သွားတဲ့အချိန်မှာ ကစားရ တာ အရမ်းခက်ခဲပါတယ်။ ဒါပေမယ့် အနိုင်ရလဒ်ကို ထိန်းထားနိုင် ခဲ့တဲ့အတွက် ကျွန်တော် ၀မ်းသာ ပါတယ်’’ဟု ရွန်းနေက ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top