Wednesday, October 1, 2014

ဒေသလိုအပ်ချက် ဖြည့်ဆည်းပေးနိုင်ရေး တွေ့ဆုံဆွေးနွေး
******************************************
ရေတာရှည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ  တိုင်းပါတီဥက္ကဋ္ဌနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားကို စက်တင်ဘာ (၂၉) ရက်က အထက်သိုင်းအုပ်စုရှိ သစ်ပုတ်ပင်ကျေးရွာတွင် ပြုလုပ်ရာ ပဲခူးတိုင်း ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးဉာဏ်ဝင်း၊ လွှတ်တော်ဥက္ကဌ ဦးဝင်းတင်၊ ခရိုင်အလုပ်အမှုဆောင်ကော်မတီ ၀င်များ၊ မြို့နယ် အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် ကော်မတီဝင်များ၊ ရေတာရှည်မြို့နယ်၊ ဆွာမြို့နယ်၊ သာဂရ မြို့နယ်များမှ စည်းရုံးရေးမှူး များနှင့် လူငယ် ခေါင်းဆောင်များ၊ သိုင်းအုပ်စုများဖြစ်သော သစ်ပုတ်ပင်၊ ချောင်းမကြီး၊ အုတ်ဖို၊ ဘုရားကုန်း၊ စကွေး၊ ရေငန်း၊ လုံးရန်း၊ ဆန်တော်ပို့ကျေးရွာများမှ စည်းရုံးရေးမှူးများ၊ ရွာခွဲ ခေါင်းဆောင်များ၊ လူငယ်ခေါင်းဆောင်နှင့် ပါတီဝင်များ စုစုပေါင်း ၆၅၀ ဦးနှင့် ဒေသခံ ကရင် တိုင်းရင်းသားများ၊ မိဘပြည်သူများ ၂၀၀ ဦးခန့် တက်ရောက်ခဲ့ကြသည်။
ပဲခူးတိုင်း ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌ ဦးဉာဏ်ဝင်း ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ်


တွေ့ဆုံပွဲ အခမ်းအနားတွင် ရေတာရှည်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသိန်းမြင့်ထွန်းမှ မြို့နယ်ပါတီ အခြေအနေနှင့် သိုင်းနယ်ဒေသ အခြေအနေများအား အကျဉ်းချုပ်တင်ပြီး မဲဆန္ဒနယ်မြေ အမှတ်၂ မှ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်သက်မှ သိုင်းနယ် ၈အုပ်စုတွင် ဆောင်ရွက်ထားရှိမှု အခြေအနေများအားလည်းကောင်း၊ အထက်သိုင်း ၄ အုပ်စု ကိုယ်စား သစ်ပုတ် ပင်အုပ်စု စည်းရုံးရေးမှူး ဦးစိုးလှိုင်မှ လည်းကောင်း၊ အောက်သိုင်း ၄ အုပ်စု ကိုယ်စား ရေငန်းအုပ်စု စည်းရုံးရေးမှူး ဦးမောင်လွင်မှ လည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။
တွေ့ဆုံပွဲသို့ တက်ရောက်လာသူများ
တွေ့ဆုံပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးဉာဏ်ဝင်းမှ ဆွေးနွေး တင်ပြ ချက်များအား ပြန်လည်ရှင်းလင်း ပြောကြားပြီး ရေတာရှည်မြို့နယ် ပြည်ထောင်စု ကံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အနေဖြင့် ပါတီဝင်အင်အား ၁၈ ရာခိုင်နှုန်း ရရှိနေပြီး ဒီဇင်ဘာလတွင် ၂၅ ရာခိုင်နှုန်း ရရှိအောင် ဆောင်ရွက်သွားမည်ဆိုသည့်အတွက် ၀မ်းမြောက်ကြောင်း ပြောကြားခဲ့သည်။

ရေတာရှည်ပြည်ခိုင်ဖြိုးမှ ဗလာစာအုပ်၊ ခဲတံများ ပေးအပ်လှူဒါန်းစဉ်
ဆက်လက်၍ သိုင်းနယ် ၈ အုပ်စုအား ၁ အုပ်စုလျင် ဗလာစာအုပ် ၅၀ ဒါဇင်နှင့် ခဲတံ ၂၅ ဒါဇင် ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူများ ကိုယ်စား သစ်ပုတ်ပင်ကျေးရွာနေ ဦးမှတ်ကြီးမှ ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top