ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့် ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလုပ်အမှုဆောင် ကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ ပါဝင်သည့် နေပြည်တော် လွှတ်တော် လေ့လာရေးခရီးစဉ် အဖွဲ့ဝင် များနှင့် တွေ့ဆုံ နှုတ်ခွန်းဆက် အမှာစကားပြောကြား
***********************************************
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့် သည် အောက်တိုဘာ ၂၁ ရက် နံနက်(၀၈း၀၀) နာရီအချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ် သင်တန်းကျောင်း ပြည်ထောင်စုခန်းမတွင် ကျင်းပသည့် နေပြည်တော်လွှတ်တော် လေ့လာရေး ခရီးစဉ် လာရောက်ကြသော စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အလုပ် အမှုဆောင်ကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ ပါဝင်သည့်အဖွဲ့အား တွေ့ဆုံနှုတ်ဆက်ခြင်း အခမ်း အနားတွင် အမှာစကားပြောကြားပါသည်။
ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဌ (စစ်ကိုင်းတိုင်းဒေသကြီးတာဝန်ခံ) သူရဦးအေးမြင့် ကနီမြို့နယ် ပြည်ခိုင်ဖြိုးပါတီမှ အလုပ် အမှုဆောင် ကော်မတီဝင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ ပါဝင်သည့် နေပြည်တော် လွှတ်တော် လေ့လာရေးခရီးစဉ် အဖွဲ့ဝင်များနှင့် တွေ့ဆုံ နှုတ်ခွန်းဆက် အမှာစကားပြောကြားစဉ်
အဆိုပါအခမ်းအနားသို့ ဦးမိုးဇော်ဟိန်း (ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)၊ ဦးကျန်ထွန်း (ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးမင်းမင်းဇေယျာမြင့် (ဗဟိုကော်မတီဝင်)နှင့် ကနီမြို့နယ်ပါတီမှ လေ့လာရေးအဖွဲ့ဝင်များ စုစုပေါင်း အင်အား (၁၀၈)ဦး တက်ရောက်ကြသည်။
ကနီမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ နေပြည်တော် လေ့လာရေးခရီးစဉ်တွင် ကျား (၁၀၃) ဦးနှင့် မ (၅)ဦး စုစုပေါင်း (၁၀၈)ဦး လိုက်ပါ လာပြီး နေပြည်တော် သတ္တဌာန ဗုဒ္ဓဂါယာနှင့် ဥပ္ပါတသန္တိ စေတီတော်မြတ်ကြီးအား ဖူးမြော်ကြည်ညိုကြပြီး လွှတ်တော်အဆောက်အဦများ၊ ပါတီဌာနချုပ်၊ ၀ဏ္ဏသိဒ္ဓိ အားကစား Complex နှင့် ရေပန်း ဥယျာဉ်၊ တိရစ္ဆာန်ဥယျာဉ်တို့ကို လေ့လာခဲ့ကြောင်း သတင်းရရှိပါသည်။
အေးဇေယျာ
No comments:
Post a Comment