ထိုင်းနိုင်ငံ၌ အလှအပဆိုင်ရာ ပညာရပ်များသွားရောက် သင်ကြားမည့် ဝိုင်းလေး
အလှမယ် ဝိုင်းလေးသည် Miss World 2014 ပြိုင်ပွဲ နှင့်ပတ်သက်သည့် အလှအပ ဆိုင်ရာ လေ့ကျင့်မှု များကို အောက်တိုဘာ လကုန်၌ ထိုင်းနိုင်ငံ ဘန်ကောက်တွင် သွားရောက်သင်ကြား မည်ဟု ၎င်းက မဇ္ဈိမကို ပြောသည်။ "အဓိက ကတော့ ပြိုင်ပွဲ နဲ့ ပတ်သက်တဲ့ အကြောင်းအရာ တွေကိုပဲ လေ့ကျင့် သင်ကြား သွားမှာပါ။ ညီမ အခု အရည်အသွေး ပြိုင်ပွဲ အတွက် ဆီမီးခွက်အကနဲ့ ယှဉ်ပြိုင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ နောက် သုံးမိနစ်စာ စန္ဒယား တီးပြ ဖို့လည်း ညီမ ပြင်ဆင်နေ ပါတယ်။
အင်္ဂလိပ်စာနဲ့ပတ်သက်တာတွေနဲ့ကိုယ့်ခန္ဓာကိုယ် လှပဖို့ အတွက် ညီမ လေ့ကျင့်ခန်းတွေ လုပ်နေပါတယ်" ဟု ဝိုင်းလေးက ပြောသည်။ ကမ္ဘာ့ အလှမယ်ပြိုင်ပွဲ များတွင် အကြီးကျယ်ဆုံး ပြိုင်ပွဲ တစ်ခု ဖြစ်သည့် မယ်ကမ္ဘာ ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ရန် နိုင်ငံ ကိုယ်စားပြု အလှမယ် ရွေးချယ်ပွဲကို ပထမဆုံး အကြိမ် အဖြစ် Forever BEC-Tero မှ ပြု လုပ်ခြင်း ဖြစ်ပြီး ဝိုင်းလေးမှ Miss Myanmar World 2014 အဖြစ် ရွေးချယ်ခြင်း ခံခဲ့ရခြင်း ဖြစ်သည်။
အလှမယ် ဝိုင်းလေးသည် အောက်တိုဘာလ အတွင်းမှာပင် မိတ်ကပ် နှင့် ဆံပင်ပိုင်း ပြင်ဆင်မှု ကိုမိတ်ကပ်လင်းလင်း(Artist)မှသုံးရက်ကြာ လေ့ကျင့်သင်ကြား မည် ဖြစ်သည်။ အလှမယ် ဝိုင်းလေးသည် Miss World 2014 ပြိုင်ပွဲ တွင် ယှဉ်ပြိုင်ရမည့် "Dance Of The World" ပြိုင်ပွဲ အတွက် ဆီမီးခွက်အကဖြင့်ယှဉ်ပြိုင် ရန် အဆင်သင့် ဖြစ်နေပြီး နောက်ထပ် ကိုယ်ရည်ကိုယ်သွေးပိုင်း ဆိုင်ရာ ပြိုင်ပွဲ အတွက် သုံးမိနစ်စာ ယှဉ်ပြိုင်မှု အတွက် စန္ဒယားတီး ဖျော်ဖြေမည် ဖြစ်သည်။ "ညီမ စိုးရိမ်တာ ကတော့ ကိုယ့်နိုင်ငံ မဟုတ်တဲ့ အတွက်ပါ။ သူတို့ဆီက ရာသီဥတုက သုည ဒီဂရီထိ ရှိတာ ဆိုတော့ ဒီကရာသီဥတုနဲ့မတူတော့ကျန်းမာရေးအ တွက်တော့ စိုးရိမ်မိတယ်။ ညီမ ဘက်ကတော့ အကောင်းဆုံး လုပ်ဆောင် သွားမှာပါ။ ညီမ နဲ့ ထိုက်တန်တဲ့ ဆု တစ်ခုတော့ရချင်ပါတယ်"ဟုအလှမယ်ဝိုင်းလေး က ထပ်မံ ပြောပြသည်။ Miss Myanmar World 2014 အတွက် Miss World Official page တွင် People Choice ၏ အွန်လိုင်း မဲပေး မှုတွင် မြန်မာနိုင်ငံမှ ဝိုင်းလေးသည် နံပါတ် ၇ နေရာတွင် ရောက်ရှိ နေပြီး Beauty Contestants Page တွင် Like,Unlike လုပ်ရာ၌ နံပါတ် ၃ နေရာတွင် ရပ်တည်လျက်ရှိသည်။
အလှမယ် ဝိုင်းလေးသည် ယင်း ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် နိုဝင်ဘာ ၂ဝ ရက်တွင်ဗြိတိန်နိုင်ငံ၊လန်ဒန်သို့သွားရောက်မည် ဖြစ်သည်။ယင်းပြိုင်ပွဲကိုနိုဝင်ဘာ ၂၀ရက်တွင်စတင်ကျင်းပပြီး ဒီဇင်ဘာ ၁၄ရက်တွင်နောက်ဆုံး ပြိုင်ပွဲကို ကျင်းပ မည် ဖြစ်သည်။
No comments:
Post a Comment