လှိုင်မြို့နယ်တွင် ဖြိုးစေတနာကျန်းမာရေးစောင့်ရှောက်
**************************************
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ အမှတ်(၁) ရပ်ကွက်အတွင်းရှိ မိဘပြည်သူများအား ဇိဝိတဒါန ကုသိုလ်ပြုရန်အတွက် ဖြိုးစေတနာ နယ်လှည့် ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ဆရာဝန်၊ ဆရာမ များက ဇေယျမင်္ဂလာ ဘုန်းတော်ကြီးကျောင်းအတွင်း ယခုလ ၁၈ ရက် နံနက် ၁၀ နာရီမှ ညနေ ၅ နာရီအထိ လူနာပေါင်း ၁၆၈ ဦးကို ဆေးကုသမှုဆောင်ရွက်ပေးခဲ့သည်။
အဆိုပါကုသဆောင်ရွက်လုပ်ငန်းစဉ်ကို အနောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခရိုင်တွဲဖက်အတွင်းရေးမှူး ဦးမြင့်ဆောင်နှင့် ခရိုင်ကော်မတီ ဝင်များ၊ လှိုင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေတ္တအတွင်းရေးမှူး ဦးစိုးဦးနှင့် လှိုင်မြို့နယ် ကော်မတီဝင်များ၊ (၁)ရပ်ကွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင် ဦးအောင်ကိုနှင့် ကော်မတီဝင်များ၊ ရပ်ကွက်ပါတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်နိုင်နှင့် ရပ်ကွက် အထောက်အကူပြု ကော်မတီဝင်များ၊ NGO အဖွဲ့အစည်းများက ပါဝင်ကူညီ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
No comments:
Post a Comment