ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့ အမကကျောင်းများသို့ ဗလာစာအုပ်များ လှူဒါန်း
***********************************************************
ရခိုင်ပြည်နယ် လွှတ်တော် ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့သည် အောက်တိုဘာ (၂ဝ) ရက် နံနက် (၁ဝ) နာရီ (၂ဝ) မိနစ် အချိန်တွင် ပုဏ္ဏားကျွန်းမြို့နယ်ရှိ အမက (၁)ကျောင်းသို့ ဗလာစာအုပ်ဒါဇင် (၅ဝ) ကိုလည်းကောင်း၊ (၁ဝ၄၅) အချိန်တွင် ပဒေသာရွာသစ် အမကကျောင်းသို့ ဗလာစာအုပ် ဒါဇင် (၃ဝ)လည်းကောင်း၊ (၁၁ဝဝ) အချိန်တွင် ယာချောင်း အမကကျောင်းရှိ တာဝန်ရှိသူများနှင့် တွေ့ဆုံပြီး စာအုပ်ဒါဇင်(၄ဝ) ကိုလည်းကောင်း၊ ဆက်လက်ပြီး ဂူဝအမကကျောင်းမှာ ဆောင်လုပ် ဆဲဖြစ်သဖြင့် သီရိမဇ္ဇူဘုန်းတော်ကြီးကျောင်းတွင် စာအုပ်ဒါဇင် (၃ဝ)ကို လည်းကောင်း ပေးအပ်လှူဒါန်းခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဒုဦးစီးနှင့် ထောက်အကူ အဖွဲ့၊ ဠက်ထောက် မြို့နယ် ပညာရေးမှူး၊ ကျေးရွာတာဝန်ရှိသူများ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ တက်ရောက် ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment