အမကကျောင်းသားများ အဆင်ပြေရေး ဗလာစာအုပ်များ လှူဒါန်းပေး
*************************************************
ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ တိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်ရေးရာဝန်ကြီး ဦးမန်းသန်းရွှေမှ ကျောင်းသုံးဗလာစာအုပ် လှူဒါန်းပွဲကို စက်တင်ဘာ (၂၉) ရက် နံနက် (၉)နာရီ (၃၀) မိနစ်အချိန်တွင် ကျင်းပပြုလုပ်ရာ ကဿဝင် သရက်နှစ်ပင် (အမက) ကျောင်းအတွက် ဗလာစာအုပ် (၂၇)ဒါဇင်၊ ကဇင်းငူ တောင်ပို့ကြီး (အမက) ကျောင်းအတွက် ဗလာစာအုပ် (၃၃)ဒါဇင်၊ ခတ္တယ ၀ါးငူ (အမက) ကျောင်းအတွက် ဗလာစာအုပ် (၆၂)ဒါဇင်၊ မိုးကုတ်ကျုံကဒူး (အမက) ကျောင်းအတွက် ဗလာစာအုပ် (၂၁)ဒါဇင်၊ လက်ပံကုန်း ဖြတ်လမ်းကြီး (အမက) ကျောင်းအတွက် ဗလာစာအုပ် (၂၀)ဒါဇင် တို့ကို လှူဒါန်းရာ ခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုရေးပါတီ ကော်မတီဝင် ဦးစောနိုင်ဦးနှင့် မြို့နယ် ပါတီကော်မတီဝင်များ၊ ပါတီအကြံပေးနာယက (၁၀) ဦး၊ ရပ်/ကျေး စည်းရုံးရေး မှူးများ၊ ကျောင်း အကျိုးတော်ဆောင်များ၊ ရပ်မိ/ရပ်ဖများ စုစုပေါင်း အင်အား (၈၇)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
No comments:
Post a Comment