Wednesday, October 1, 2014

ပဲခူးပြည်ခိုင်ဖြိုး ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး သင်တန်းဆင်း
****************************************************
ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ပြည့်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး သင်တန်း အမှတ်စဉ် (၄/၂၀၁၄) သင်တန်းဆင်းပွဲကို ပဲခူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး အစည်းအဝေးခန်းမတွင် စက်တင်ဘာ (၃၀) ရက် ညနေ (၄) နာရီ (၁၅) မိနစ်အချိန်တွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးသန်းဌေး တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။
ပဲခူးမြို့နယ် ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး သင်တန်းဆင်းပွဲကျင်းပစဉ်

ပဲခူးမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးဦးဝင်းခိုင် မှ သင်တန်းသား/သူများ အား ဆုံးမသြ၀ါဒစကားပြောကြားပြီး ပဲခူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် သင်တန်းမှူး ဦးချမ်းမြေ့အောင်မှ သင်တန်းသား/သူများကို သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကာ သင်တန်းသူတစ်ဦးမှ ကျေးဇူးတင် စကား ပြန်လည်ပြောကြား၍ ညနေ (၅) နာရီ မိနစ် (၂၀) အအချိန်တွင် သင်တန်းဆင်းပွဲ အောင်မြင်စွာ ပြီးဆုံးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment

back to top