Wednesday, October 1, 2014

အတတ်ပညာတိုးပွားရေး သစ်သီးပန်းအလှပုံဖော်သင်တန်း ဖွင့်လှစ်ပေး
***************************************************
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ် အမျိုးသမီး ရေးရာနှင့် လူငယ်ရေး ရာအဖွဲ့တို့မှ ပူးပေါင်း၍ နောင်ကျော့ကျေးရွာအုပ်စု၊ နောင်ရင်းဒုံရွာ ဘုန်းတော်ကြီး ကျောင်းတွင် သစ်သီးပန်း အလှပုံဖော်သင်တန်းအား စက်တင်ဘာလ (၂၆) ရက် နံနက် (၁၀)နာရီ အချိန်တွင် ဖွင့်လှစ်ခဲ့ရာ အခမ်းအနားတွင် ဆီဆိုင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးတင်မိုးအောင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် အမျိုးသမီး တာဝန်ခံ ဒေါ်ခိုင်ယဉ်မွန်၊ မြို့နယ်လူငယ်တာဝန်ခံ ဒေါ်နန်းခမ်းအောင် တို့က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက် များကို ရှင်းလင်းခဲ့သည်။


အဆိုပါအခမ်းအနားသို့ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး၊ နောင်ကျော ကျေးရွာအုပ်စု ရုံးတာဝန်ခံ ဦးစံဝင်း၊ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်မိရပ်ဖများ၊ ရွာသူကြီးများ၊ နောင်ကျောကျေးရွာ စည်းရုံးရေးမှူးနှင့် အမှုဆောင်များ၊ ကျေးရွာလူငယ် တာဝန်ခံများ၊ အမျိုးသမီးရေးရာ တာဝန်ခံများ၊ သင်တန်းသား/သူများ စုစုပေါင်း (၇၅)ဦး တက်ရောက် ခဲ့ကြသည်။
အဆိုပါ သစ်သီးပန်းအလှပုံဖော်သင်တန်းအား သင်တန်းအား စက်တင်ဘာ (၂၆)ရက်မှ (၂၈) ရက်အထိ ဖွင့်လှစ်သင်ကြားခဲ့ပြီး သင်တန်းသို့ နောင်ရင်းဒုံရွာမှ အမျိုးသမီး (၁၅)ဦး၊ နောင်ယွေရွာမှ (၉)ဦး၊ လွယ်ဆောင်ရွာမှ (၄)ဦး၊ နောင်ဘိုကန်တော်ကလေးရွာမှ (၇)ဦး စုစုပေါင်း (၃၅)ဦး တက်ရောက်ခဲ့ ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment

back to top