Tuesday, September 30, 2014

သုံးခွမြို့နယ် ဘန့်ဘွေးကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီမှ အသက်ကယ်ဝတ်စုံနှင့် ကျောင်းသုံး ဗလာစာအုပ်များ လှူဒါန်း
****************************************************************
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ဘန့်ဘွေးကျေးရွာတွင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးသောင်းအေး ဦးဆောင်သော ကော်မတီဝင်များနှင့် လူငယ်အဖွဲ့များသည် စက်တင်ဘာ (၂၇) ရက် နံနက် (၁၀) နာရီအချိန်တွင် သုံးခွမြို့နယ် ဘန့်ဘွေးကျေးရွာမှ ကျောက်တန်းမြို့နယ် ကျုံကန်ကျေးရွာ အလယ်တန်းကျောင်းသို့ နေ့စဉ်ပဲ့ထောင် မော်တော်ဖြင့် တက်ရောက်လျှက်ရှိသော ကျောင်းသား ကျောင်းသူ (၂၁) ဦးအတွက် အသက်ကယ် အင်္ကျီ (၁၀) စုံနှင့် ကျောင်းသုံးဗလာစာအုပ် (၅) ဒါဇင်အား ကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များနှင့် အထောက် အကူပြုအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။
 ကျေးရွာမူလတန်းကျောင်းသို့ အသက်ကယ်ဝတ်စုံနှင့် ကျောင်းသုံး ဗလာစာအုပ်များ လှူဒါန်းစဉ်


ယင်းအသက်ကယ်အင်္ကျီများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာ မြင့်သိန်းမှ ပေးပို့လှူဒါန်း ခြင်းဖြစ်ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များက ကျေးရွာမူလတန်းကျောင်းတွင် ကျောင်းသုံး ဗလာစာအုပ် (၁၅) ဒါဇင် လှူဒါန်းခဲ့ပြီး မူလတန်း ကျောင်းဝင်းအတွင်းနှင့် ကျေးရွာဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ခြင်ဆေး ဖျန်းခြင်း လုပ်ငန်းများပါ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top