ကယားမျိုးနွယ်စု၏ အဲဒိုပေါ်မီ (ခ) ဒီးကူပွဲတော်သို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်နှင့် နိုင်ငံရေး ပါတီများမှ တက်ရောက်ဆင်နွှဲ
*********************************************************************
တိုင်းရင်းသားမျိုးနွယ်စုတို့တွင် မိမိတို့၏ရိုးရာ ယဉ်ကျေးမှုပွဲတော်များရှိကြသည်။ ကယားပြည်နယ်တွင် လူမျိုးစု (၉)မျိုးရှိသည့် အနက် ကယားလူမျိုးနွယ်စု၏ အဲဒိုပေါ်မီ (ခ) ဒီးကူကောက် ညှင်းထုပ် ပွဲတော်အား ယခုကာလတွင် ပြည်နယ်တစ်ဝှမ်း ကယား ရွာများတွင် စည်ကားသိုက် မြိုက်စွာ ကျင်းပလျက်ရှိကြပါသည်။ လွိုင်ကော်မြို့နယ်၊ ဒေါပေါ်ကလဲကျေးရွာအုပ်စု၊ ထေးငှားလျား ကျေးရွာ ဘောလုံးကွင်း၌ ယခုလ (၂၈) ရက်နေ့က ဘိုးဖိုးဒူဒေသ ကယားအမျိုးသားလူငယ်မှ ကြီးမှူး၍ ကောက်ညှင်းထုပ် ပွဲတော်ကို ကျင်းပကြောင်း သိရသည်။
အဆိုပါ ပွဲတော်တွင် ပွဲတော်ဖြစ်မြောက်ရေး ကော်မတီဥက္ကဌ ဦးရီးရယ်အန်ဂျလိုက ဒီးကူပွဲတော် ဖြစ်ပေါ်လာပုံကိုလည်းကောင်း၊ ကယားအမျိုးသားစာပေသမိုင်းကို ကယားစာပေနှင့် ယဉ်ကျေးမှုကော်မတီ နာယက ဦးစဲရယ်လှဖေ မှလည်းကောင်း ရှင်းလင်း ဖတ်ကြားပါသည်။
ထို့နောက် ရိုးရာယဉ်ကျေးမှု တင်ဆက်စဉ်က ဆုရရှိသူများကို တာဝန်ရှိသူတို့က ဆုများ ချီးမြှင့်ပြီး ရိုးရာအစားအစာ ခေါင်ရည် တို့ဖြင့် ဧည့်ခံကျွေးမွေးကြရာ ပွဲတော်ဆင်နွဲကြသူများက တစ်ပျော်တစ်ပါး စားသောက် အားပေးကြသည်။
အဆိုပါပွဲတော်သို့ ကယားပြည်နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလူရယ်ဘိုးလူနှင့် ပါတီဝင် များ၊ အခြားနိုင်ငံရေးပါတီဝင်များ၊ ငြိမ်းချမ်းရေး အဖွဲ့အစည်းများ၊ ကယားစာပေနှင့် ယဉ်ကျေးမှုအဖွဲ့များ၊ ကျေးရွာ (၄၃) ရွာမှ လူငယ်မောင်မယ်များ၊ ဖိတ်ကြား ထားသော ဧည့်သည်တော်များ၊ စုစုပေါင်း အင်အား (၁၀၀၀) ကျော် တက်ရောက် ဆင်နွဲခဲ့ကြကြောင်း သိရှိရသည်။
ကယားလေး (လွိုင်ကော်)
No comments:
Post a Comment