ကျေးရွာမူလတန်းကျောင်းခွဲ စာရေးခုံ၊ ထိုင်ခုံလိုအပ်ချက် လားရှိုးပြည်ခိုင်ဖြိုးပါတီ ပံ့ပိုးကူညီဆောင်ရွက်***********************************************************************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်းရှိ ဟိုပိတ်ကျေးရွာအုပ်စု ပန်ဟတ်(၁၀)မိုင်ကျေးရွာသို့ စက်တင်ဘာလ(၂၈)ရက်နေ့၊ နံနက် (၀၉၀၀) နာရီတွင် ကွင်းဆင်းရောက်ရှိပြီး ကျေးရွာဖွံ့ဖြိုးရေး၊ လူထုဆန္ဒလိုအပ်ချက်များ သိရှိဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ကျေးရွာလူထုနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
ကျေးရွာမူလတန်းကျောင်းခွဲ စာရေးခုံ၊ ထိုင်ခုံများ ဖြည့်တင်းနိုင်ရန် အလှူငွေပေးအပ်စဉ်
တွေ့ဆုံပွဲကို အဆိုပါကျေးရွာ မူလတန်းကျောင်းခွဲ၌ ပြုလုပ်ရာ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးက နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မှုအခြေအနေများ၊
ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မူဝါဒ၊ လုပ်ငန်းစဉ် သဘော ထားများကို ရှင်းလင်းဆွေးနွေးသည်။
ဒေသဖွံ့ဖြိုးရေးကိစ္စရပ်များ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မူဝါဒ၊ လုပ်ငန်းစဉ် သဘော ထားများကို ရှင်းလင်းဆွေးနွေးသည်။
ထို့နောက် ပါတီအတွင်းရေးမှူး၏ ရှင်းလင်းဆွေးနွေးချက်များကို ကျေးရွာဒေသခံ ဒေါ်နန်းစံလင်းမှ ကိုးကန့်ဘာသာစကားဖြင့် ဘာသာပြန် ရှင်းပြပေးသည်။
၎င်းနောက် ကျေးရွာမူလတန်းကျောင်းခွဲအတွက် လိုအပ်နေသော စာရေးခုံ၊ ထိုင်ခုံများ စီစဉ်ဖြည့်သွင်း နိုင်ရန် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပံ့ပိုးကူညီငွေ ကျပ်တစ်သိန်းငါးသောင်းကို မြို့နယ် ပါတီကော်မတီအဖွဲ့က ပေးအပ်ရာ ရွာသူကြီး ဦးလော်ယူနှင့် ရပ်မိရပ်ဖ ဦးမောင်စိုးတို့မှ လက်ခံ ရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။
ကျေးရွာဖွံ့ဖြိုးရေးကွင်းဆင်းစည်းရုံးတွေ့ဆုံပွဲသို့ လားရှိုးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးစိုးဝင်း၊ မြို့နယ်ပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ဟိုပိတ်ကျေးရွာ
ပြည်ခိုင်ဖြိုးပါတီအဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များ၊ ရပ်မိရပ်မိများ၊ ရွာသူရွာသားများ အင်အား (၁၂၀) ကျော် တက်ရောက် ကြောင်းနှင့် အဆိုပါကျေးရွာသည် ကိုးကန့်တိုင်းရင်းသား အများစုနေထိုင်ရာ ကျေးရွာ ဖြစ်ကြောင်း သိရှိခဲ့ရသည်။

No comments:
Post a Comment