"လမ်းပြကြယ်" လူမှုကူညီရေးအသင်း ဖွဲ့စည်း
**********************************
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ် မိုင်းသော်ရှေ့ကျေးရွာအုပ်စု တောင်နီကျေးရွာ အုပ်စု ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူး ဦးစိန်ဝင်း ဦးဆောင်၍ လူငယ်လူရွယ် များအား လူမှုကူညီရေးအသင်း "လမ်းပြကြယ်" ဖွဲ့စည်းသည့် အခမ်းအနားကို စက်တင်ဘာ (၂၈)ရက် နံနက် (၁၀) နာရီအချိန်က ဥမှင်ဓမ္မာရုံတွင် ကျင်းပရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးထွန်းလှမှ အဖွင့်အမှာစကား ပြောကြားပြီး တောင်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးအောင်သူရရှင်းမှ လမ်းညွှန်အမှာစကား ပြောကြားကာ ကျေးရွာဖွံ့ဖြိုးရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌ ဦးမြအောင်မှ အမှာစကား ပြောကြားခဲ့သည်။
တောင်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ လူငယ်ရေးရာတာဝန်ခံ ဦးမောင်တူးမှ လူငယ်များ လိုက်နာဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များ အကြံပေးပြောကြားပြီးနောက် ကျေးရွာ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
"လမ်းပြကြယ်" လူမှုကူညီရေးအသင်း ဓမ္မစကူလ်းသင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် တောင်ကြီး မြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီမှ မတည်လှူဒါန်းငွေ ကျပ်(၁)သိန်းကို မြို့နယ်အတွင်းရေးမှူးမှ ပေးအပ်လှူဒါန်းရာ "လမ်းပြကြယ်" လူငယ်ခေါင်းဆောင် ကိုခင်မောင်ကြည်မှ လက်ခံရယူခဲ့ပြီး လူငယ် ခေါင်းဆောင် ကိုခင်မောင်ကြည်မှ "လမ်းပြကြယ်" လူမှုကူညီရေးအသင်းတွင် လူအင်အား (၃၀၀) ဦးဖြင့် စတင် ဖွဲ့စည်း ခဲ့ကြောင်း၊ အသင်း၏ ရည်ရွယ်ချက်မှာ ရပ်ရွာအတွင်း ဘာသာရေး၊ သာသနာရေး တို့ကို ယခုဖွဲ့စည်းသည့် လူငယ်အင်အားများဖြင့် အဖက်ဖက်မှ ၀ိုင်းဝန်းကူညီ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ လူငယ် လှုပ်ရှားမှုအနေဖြင့် ပထမဦးဆုံး ဓမ္မစကူလ်း သင်တန်းဖွင့်လှစ်နိုင်ရေး ဖြစ်ကြောင်း ပြန်လည်ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ အခမ်းအနားသို့ တောင်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးအောင်သူရရှင်းနှင့်အတူ မြို့နယ်ပါတီ ကော်မတီဝင်များ၊ ရပ်မိ/ဖများ၊ "လမ်းပြကြယ်" လူငယ် အဖွဲ့ဝင်များ စုစုပေါင်း အင်အား (၄၀၀)ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment