တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်များ အကျိုးဖော်ဆောင်နိုင်ရေး ဖိုရမ် ကျင်းပဆွေးနွေး
********************************************************
စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တောင်သူသမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ် (၂၀၁၄) ဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ (၂၉) ရက်က မြင်းမူ မြို့နယ်၊ ရွှေမဟာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသ ကြီး ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် ဦးအောင်ဇော်ဦး (စစ်ကိုင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး)၊ စစ်ကိုင်းခရိုင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းတင့်နှင့် ခရိုင်ပါတီ ကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စု စည်းရုံးရေးမှူးများနှင့် တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော မြို့နယ်စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေး အထောက် အကူပြု ကော်မတီဝင်များ၊ မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လူမှုရေး အဖွဲ့အစည်း များမှ တာဝန်ရှိသူများ၊ မိတ်ဖက်ပါတီမှ တာဝန်ရှိသူများ စုစုပေါင်း အင်အား (၃၄၂)ဦး တက်ရောက်ခဲ့ကြ သည်။
အခမ်းအနားတွင် စစ်ကိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးသန်းတင့် နှင့် မြင်းမူ မြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ဦးသိန်းဆွေ (တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်) တို့မှ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ်(၂၀၁၄) ကျင်းပရခြင်းကို ရှင်းလင်းတင်ပြပြီး ပါတီဝင် လူငယ်များမှ ဒို့ပြည်ခိုင်ဖြိုးလူငယ် သီချင်းနှင့် ဒို့လူငယ်(၂) သီချင်းများဖြင့် ဖျော်ဖြေကြရာ အဆိုပါ လူငယ်များအား ဆုများချီးမြှင့်ခြင်းနှင့် တိုင်းဒေသကြီး ပါတီကော် မတီဝင် ဦးအောင်ဇော်ဦး (လမ်းပန်းဆက်သွယ် ရေးဝန်ကြီး) မှ ငွေကျပ်(၁)သိန်း ချီးမြှင့်ခဲ့သည်။
ဆက်လက်ပြီး ရပ်ကွက်/ကျေးရွာအုပ်စု(၅၂)အုပ်စုမှ ရပ်ကွက်/ကျေးရွာ စည်းရုံးရေးမှူးများ၊ တောင်သူ လယ်သမား၊ အလုပ်သမားနှင့် လူငယ်ကိုယ်စားလှယ် (၃)ဖွဲ့မှ မိမိတို့ အစုအဖွဲ့အလိုက် စည်းရုံးရေး ကဏ္ဍ၊ လေ့ကျင့်ရေးကဏ္ဍ၊ ပူပေါင်းလှုပ်ရှားရေးကဏ္ဍများကို ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment