Tuesday, September 30, 2014

တိုင်းဒေသကြီးအတွင်း စံပြမြို့နယ်အဖြစ် ကြိုးပမ်းတည်ဆောက်ရန် မကွေးတိုင်းဒေသကြီး စည်းရုံးရေး တာဝန်ခံ ဦးဇော်မင်း လမ်းညွှန်မှာကြား
******************************************************************
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီး စည်းရုံးရေးတာဝန်ခံ ဦးဇော်မင်းနှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေတို့သည် ယခုလ ၂၂ ရက် နံနက် ၉ နာရီက တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံ၍ လမ်းညွှန်မှုပေးခဲ့သည်။
မကွေးတိုင်းဒေသကြီး စည်းရုံးရေးတာဝန်ခံ ဦးဇော်မင်းနှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေတို့ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံစဉ်


တွေ့ဆုံပွဲတွင် မြို့နယ်ပါတီအတွင်းရေးမှူး ဦးအောင်သိန်းကျော်က မြို့နယ်ပါတီ၏ စည်းရုံးဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြပြီး ပါတီကော်မတီဝင်များက မိမိတို့၏ စည်းရုံးရေးနယ်မြေအလိုက် ကွင်းဆင်းဆောင်ရွက်နေမှုများကို တင်ပြခဲ့ ကြသည်။
တိုင်းစည်းရုံးရေးတာဝန်ခံ ဦးဇော်မင်းက အခြေခံပါတီများ ဖွဲ့စည်းမှုအား အသေးစိတ် ရှင်းလင်းဆွေးနွေးပြီး ပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေက ဒီမိုကရေစီနည်းလမ်းများနှင့်အညီ လှုပ်ရှားဆောင်ရွက် နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ တိုင်းစည်းရုံးရေးတာဝန်ခံက Door to door စနစ် ကွင်းဆင်းဆောင်ရွက်နိုင်ရေး တိုင်းဒေသကြီးအတွင်း မကွေးမြို့နယ်သည် စံပြမြို့နယ်အဖြစ် ကြိုးပမ်းတည်ဆောက်ရေး တို့ကို လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
အဆိုပါဆွေးနွေးပွဲသို့ မကွေးခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီ အတွင်းရေးမှူးနှင့် ကော်မတီဝင်များ၊ ရပ်/ကျေးအုပ်စု စည်းရုံးရေးမှူးများ စုစုပေါင်း အင်အား ၁၂၀ ခန့် တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။

No comments:

Post a Comment

back to top