Friday, October 24, 2014

ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ဘောလုံးပြိုင်ပွဲကျင်းပ
*************************************************
ကြို့ပင်ကောက်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကကြီးမှူး၍ ပြည်ခိုင်ဖြိုးပါတီ လူငယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယခုလ ၂၁ ရက် ညနေ ၃ နာရီခွဲက ကြို့ပင်ကောက်မြို့နယ် အားကစားကွင်း၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်စိုး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်လွင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းနှင့် မြို့နယ် အထောက်အကူပြု ကော်မတီဝင်များ၊ တိုင်းဒေသကြီး ပြည်ခိုင်ဖြိုး ပါတီကော်မတီဝင် ဦးယဉ်ထွေး၊ ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးစည်သူအောင်နှင့် မြို့နယ်ကော် မတီဝင်များ၊ ရပ်ကွက်၊ ကျေးရွာပါတီ စည်းရုံးရေးမှူးများနှင့် ပါတီဝင်များ၊ ပြိုင်ပွဲဝင် ဘောလုံးအသင်းများနှင့် အုပ်ချုပ်သူများ တက်ရောက်ခဲ့ကြသည်။
ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပစဉ်


ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ဒုတိယဥက္ကဋ္ဌ ဦးဝင်းမြင့်စိုးက အဖွင့်အမှာစကား ပြောကြားပြီး ပြိုင်ပွဲဝင် ဘောလုံးအသင်း အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကာ ပဲခူးတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင် ဦးယဉ်ထွေးက ဘောလုံးကန်၍ အားကစားပြိုင်ပွဲကို ဖွင့်လှစ်ပေးသည်။
ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ဘောလုံးပြိုင်ပွဲဖွင့်ပွဲသို့ တက်ရောက်လာသူများ
ကြို့ပင်ကောက်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လူငယ်ဘောလုံးပြိုင်ပွဲတွင် ကျေးရွာအုပ်စု ၅၉ အုပ်စုမှ ပြိုင်ပွဲ ယှဉ်ပြိုင်မည်ဖြစ်ပြီး အုပ်စုလေးစုခွဲကာ ယခုလ ၂၁ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ ယှဉ်ပြိုင် ကစားကြမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top